DVB Logo
Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင် ၂ ဦး အပေါ် ပြစ်ဒဏ်ချထားသည့် ရဟတ်ယာဉ်နှင့် ပတ်သက်သည့် အထူးအယူခံအမှုများ ကြားနာ
DVB
·
July 13, 2023
နိုင်ငံခေါင်းဆောင် ၂ ဦး အပေါ် ပြစ်ဒဏ်ချထားသည့် ရဟတ်ယာဉ်နှင့် ပတ်သက်သည့် အထူးအယူခံအမှုများ ကြားနာ
Donate to DVB

ဖမ်းဆီးခံ အကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အကြီးအကဲ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက တဖတ်သက်စွပ်စွဲ အမိန့်ချထားတဲ့  ရဟတ်ယာဉ်အမှုတွေနဲ့ပတ်သက်လို့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဇူလိုင် ၁၂ ရက်က ကြားနာခဲ့ပါတယ်။ 

ပြည်သူတွေသဘာဝဘေးအန္တရာယ် ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ် ၀ယ်ယူ၊ ငှားရမ်းတာကို အဂတိလိုက်စားမှုပုဒ်မတပ်ကာ ထောင်ဒဏ်မိန့်ချထားတဲ့အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးခံတင်ထားတာကို မနေ့က နှစ်ဖက်ကြားနာခဲ့တယ်လို့  တရားရေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

တရားရေးနဲ့ နီးစပ်သူတစ်ဦးက "ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှု ငါးမှုကို နှစ်ဖက်ကြားနာတယ်။ ဒီအမှုကကျတော့ နှစ်ဖက်ကြားနာတာကို အမိန့်ချဖို့ သီးသန့်ထားတယ်။ သူတို့ အဆင်ပြေတဲ့ရက်ကျမှ အမိန့်ချမှာပေါ့။ ကျနော်တို့ဘက်ကတော့ ဒီအမိန့်ချတဲ့အမှုတွေက ဥပဒေနဲ့မညီဘူး၊ မှားတယ်ပေါ့။ သူတို့ ဟိုဘက်ကလည်း သိတဲ့အတိုင်း သူတို့ပြောစရာရှိတာ ပြောတာပေါ့" လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုကာ  ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အထူးအယူခံတင်ထားတဲ့ တခြားအမှုတွေကိုလည်း ဇူလိုင် ၁၈ ရက်မှာ ဆက်လက်ကြားနာသွားဖို့ရှိပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ သက်သေမခိုင်လုံဘဲ တရားစွဲဆိုကာ  ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချထားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ့မှာ ဘာအပြစ်မှမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပုဒ်မအမျိုးမျိုးတပ်ကာ မတရား တရားစွဲဆိုအမိန့်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ထားသလို နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကို တောင်ငူအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013