DVB Logo
Home
မြန်မာသတင်း
ဒရုန်းစစ်ဆင်ရေးက စစ်ကောင်စီအတွက် အိပ်မက်ဆိုးဟု ကာကွယ်ရေးအဖွဲ့များပြော
DVB
·
July 12, 2023
ဒရုန်းစစ်ဆင်ရေးက စစ်ကောင်စီအတွက် အိပ်မက်ဆိုးဟု ကာကွယ်ရေးအဖွဲ့များပြော
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်နဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေ ကို အားထား အသုံးပြုလာခဲ့ပါတယ်။ 

အာဏာသိမ်း ၂ နှစ်ကျော်လာချိန်မှာ ဒရုန်းစစ်ဆင်ရေးတွေ ပိုကောင်းလာပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ များပြားစေတဲ့အပြင် စစ်ကောင်စီဘက်က နယ်မြေ စစ်စခန်းတွေကို ခြိမ်းခြောက်လာနိုင်တဲ့အနေအထားတွေ ရှိနေပြီလို့ ဒရုန်းနဲ့ မစ်ရှင်တွေ ပြုလုပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ဗျူဟာစခန်းကုန်းက လက်နက်ကြီးတွေ ဖျက်ဆီးနိုင်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၈ နဲ့ Federal Wings ပူးပေါင်းဒရုန်းအဖွဲ့က စစ်ဆင်ရေးနဲ့ ဒရုန်းပြုပြင်ထိန်းသိမ်းရေးတာဝန်ခံ ကိုမာန်ကြီးက ပြောပါတယ်။

“အခု သူတို့ဆိုရင် ဒရုန်းသံကြားတာနဲ့တင် ကြောက်နေရတဲ့အနေအထားတွေတောင်ဖြစ်နေကြပြီ။ ကျနော်တို့ အရင်စစချင်း ဒရုန်းမစ်ရှင်တွေ လုပ်တုန်းကဆိုရင် ကျနော်တို့ ဒရုန်းကို သူတို့ ဂန်းနဲ့ ထွက်ထွက်ပစ်တယ်ပေါ့။ အခုနောက်ပိုင်း သူတို့ ဒရုန်းပျံပြီဆိုတာနဲ့ သူတို့စခန်းက ပုန်းတဲ့သူက ပုန်း၊ ပြေးတဲ့သူက ပြေး၊ တချို့ဆို ဘန်ကာထဲက မထွက်ရဲတဲ့ အနေအထားတွေ ဖြစ်လာတယ်ပေါ့။ အရင်ကဆို ဒရုန်းကို သူတို့ ကြောက်ရကောင်းမှန်း မသိဘူးဆိုတဲ့ပုံစံမျိုးကနေ အကြောက်တရားတွေ သူတို့ရင်ထဲကို ရိုက်သွင်းနိုင်ခဲ့တယ်ပေါ့။ အခုဆို ဒရုန်းလာပြီဆိုတာနဲ့ သူတို့အတွက်က အိပ်မက်ဆိုးကြီးလို ဖြစ်နေကြပြီ။ ကျနော်တို့တားဂတ်တွေက လွဲချော်မှု အနည်းဆုံးနဲ့ တိုက်ခိုက်နိုင်တာ။ ကျနော်တို့ နည်းပညာတွေနဲ့ သူတို့ ဒီလိုမျိုး တိုက်ခိုက်နိုင်တဲ့အတွက်ကြောင့် ဒရုန်းကတော့ သူတို့အတွက် အိပ်မက်ဆိုးလိုဖြစ်နေပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။” 

ဒရုန်းမစ်ရှင်တွေကိုတော့ ဗုံးသီး ၈၁-မမ အပြင်းစားဗုံးတွေကို ကိုယ်တိုင်ထုတ်လုပ်ပြီး မစ်ရှင်တွေကို လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ 

KNDO တပ်ရင်း ၈ နဲ့ federal wings ပူးပေါင်းဒရုန်းအဖွဲ့က ဒီနှစ် ဇန်နဝါရီ ၃၁ ရက်ကစပြီး ဒရုန်းမစ်ရှင်ပေါင်း ၈၅ ကြိမ်ကို ဗုံးသီးအလုံး ၂၀၀ အသုံးပြုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်က တိုက်ပွဲသုံး လေယာဉ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ရှိသလို ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ခေတ်မီနည်းပညာနဲ့ ဒရုန်းမစ်ရှင်တွေလုပ်ဆောင်လာတာက စစ်ကောင်စီတပ်သားတွေကို ရုပ်ပိုင်း‌ရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေနိုင်တာဖြစ်လို့ အောင်မြင်တယ်လို့ လေတပ်CDM တပ်ကြပ်ကြီးဇေယျက ပြောပါတယ်။

“ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေက အမှန်တိုင်းပြောရရင် အောင်မြင်တယ်လို့ ပြောရမှာပေါ့။ အခု စစ်တပ်မှာဆိုရင် အရပ်ဘက်ဌာနဆိုင်ရာတွေက အစ ဒရုန်းဖျက်တဲ့ Jumper တွေ၊ ဒရုန်းဖျက်တဲ့ Anti drone စနစ်တွေ တပ်လာရတယ်ပေါ့။ လေတပ်မှာဆိုရင်လည်း Anti drone စစ်နစ်ကို တပ်ဆင်လာကြတယ်။ ဌာနတခုကို ၂ ခု၊ ၃ ခု လောက် တပ်လာရတဲ့အနေအထား ကို ဖြစ်လာရတယ်။ နောက်ပြီးတော့ ကင်းစောင့်ရင်လည်း မြေပြင်မှာ စောင့်ရုံတင်မကဘူး ကောင်းကင်ကိုပါ မော့ကြည့်နေရတဲ့ အနေအထားတွေ ဖြစ်လာရတယ်။ နောက်ဆုံးဗျာ စိတ်ဓာတ်စစ်ဆင်ရေးအရ အမြဲတမ်းစိုးရိမ်နေရတာပေါ့ ကောင်းကင်ကြီး မော့ကြည့်ပြီးတော့။ နောက် စစ်ကြောင်းတွေ သွားတဲ့အခါမှာလည်း ဒီ Jumper စနစ်တွေ လုပ်ရတယ် ယူသွားရတယ်။ ဒါမျိုးတွေလုပ်ရတဲ့ အနေအထားတွေ ဖြစ်လာတယ်၊ သူတို့အတွက် အလုပ်ပိုရှုပ်လာတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ဒရုန်းစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်သားတွေ အထိနာတာ အမှန်ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်လည်း ဒရုန်းဖျက်လက်နက်တွေကို အင်အားဖြည့်တင်းတာ ပိုလုပ်လာနိုင်တယ်လို့ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013