DVB Logo
Home
အားကစား
အင်တာမီလန်နှင့် ဘာစီလိုနာ ဂန္ထဝင်ဘောလုံးသမားကြီး လူးဝစ်ဆွာရက် ကွယ်လွန်
DVB
·
July 10, 2023
အင်တာမီလန်နှင့် ဘာစီလိုနာ ဂန္ထဝင်ဘောလုံးသမားကြီး လူးဝစ်ဆွာရက် ကွယ်လွန်
Donate to DVB

အင်တာမီလန်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမားကြီး လူးဝစ်ဆွာရက်ဟာ အီတလီနိုင်ငံ မီလန်မြို့မှာ ဇူလိုင် ၁၀ ရက်က ကွယ်လွန်ခဲ့ပါတယ်။

လူးဝစ်ဆွာရက်ဟာ စပိန်ဘောလုံးသမိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု ရရှိခဲ့တဲ့ ပထမဆုံးနဲ့ တဦးတည်းသော စပိန်နွယ်ဖွား ကစားသမား ဖြစ်ပါတယ်။

“မင်းရဲ့ ကစားသမားဘဝတလျှောက်လုံးမှာ ကြီးမားတဲ့ အစိတ်အပိုင်းကို အသင်းက အသုံးချခဲ့ပါတယ်။ အီတလီ၊ ဥရောပနဲ့ ကမ္ဘာ့ခေါင်မိုးတွေမှာ အရောင်တွေခြယ်ခဲ့တဲ့ အင်တာမီလန်ရဲ့ နံပါတ် ၁၀ ပါ။ မင်းတို့ ဘာလုပ်ရမှန်းမသိရင် ဆွာရက်ကို ဘောလုံးပေးလိုက်ပါ၊ နှုတ်ဆက်ပါတယ် လူးဝစ်ရယ်” လို့ အင်တာမီလန်အသင်းက တွစ်တာမှာ ထုတ်ပြန်ခဲ့ပါတယ်။

လူးဝစ်ဆွာရက်ဟာ လအတော်ကြာ နာမကျန်းဖြစ်ပြီးနောက် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

စပိန်ဂန္ထဝင်ကစားသမားဟာ ၁၉၆၀ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးခဲ့ပြီး ၁၉၆၁ မှာ စပိန်ကလပ် ဘာစီလိုနာကနေ အင်တာမီလန်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၇၀,၀၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

အင်တာမီလန်အသင်းအတွက် ပွဲပေါင်း ၂၅၀ ကျော် ကစားခဲ့ပြီး စီးရီးအေဖလား ၃ ကြိမ်နဲ့ ဥရောပဖလား ၂ ကြိမ် ရရှိခဲ့ကာ ၁၉၆၄ မှာ စပိန်အသင်းနဲ့လည်း ဥရောပချန်ပီယံဖလား ရရှိခဲ့ပါတယ်။

Source. Marca

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013