DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျနေသူ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင် ကျဆုံး
DVB
·
July 8, 2023
အကျဉ်းကျနေသူ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင် ကျဆုံး
Donate to DVB

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ ထောင်ဒဏ်ကျနေသူ ပဲခူးခရိုင် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင် ကျဆုံးကွယ်လွန်သွားတယ်လို့ ​ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ကိုခန့်လင်းနိုင်ကို ကျိုက်ဇကောအကျဉ်းထောင်မှာ ချုပ်နှောင်ခဲ့တာဖြစ်ပြီး သူအပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို  မေ ၂၈ ရက်မှာ ဖက်ဆစ်တပ်က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်ခဲ့ရာကနေ သတင်းပြန်ရချိန် သေဆုံးသွားတာကိုသိရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုခန့်လင်းနိုင်ဟာ  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်ကတည်းက ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျနေသူ ဖြစ်ပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ မုံရွာထောင်ကနေ စစ်တပ်က ခေါ်ထုတ် သွားခဲ့ပြီး ဒီကနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဗကသများအဖွဲ့ချုပ်က ပြော ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း ပြည်သူအယောက် ၃,၇၆၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၇၅၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန် ကတည်းကနေ ဒီကနေ့အထိ  နိုင်ငံတဝန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၁,၂၀၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇၁၆ ယောက်ကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံ နေရဆဲဖြစ်ကာ အဲဒီထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၃၈ ယောက်နဲ့ ၇ ယောက်ကတော့ သေဒဏ် ချမှတ်ခံထားရပါတယ်။

PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒီနေ့အထိ ပြည်သူ ၅,၉၃၈(အရပ်သား ၄,၈၇၈ ဦး နဲ့ အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့တာ၊ PDF တွေရဲ့ အဖျက်အမှောင့်လုပ်ငန်း ကျူးလွန်တာတွေ၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို  အဟန့်အတားဖြစ်အောင် လုပ်ဆောင် နေတာတွေနဲ့ ၎င်းတို့ရဲ့ ဥပဒေပြင်ပလုပ်ရပ်တွေအတွက် ပြည်သူတွေကိုကာကွယ်ဖို့ အစိုးရအနေနဲ့ PDF အကြမ်းဖက်သမားတွေကို တုန့်ပြန်ဆောင်ရွက်ရတာလို့ ဇူလိုင် ၆ ရက် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလုပ်တဲ့ ရန်ကုန်မြို့အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ကို တွေ့ဆုံပွဲမှာ  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အသိပေးပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013