DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်ခံရနိုင်သဖြင့် မောင်တောနယ်ခြားစောင့်နှင့်ရဲကင်းစခန်းများ သတိဖြင့်နေရန် ညွှန်ကြား
DVB
·
July 7, 2023
တိုက်ခိုက်ခံရနိုင်သဖြင့် မောင်တောနယ်ခြားစောင့်နှင့်ရဲကင်းစခန်းများ သတိဖြင့်နေရန် ညွှန်ကြား
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်နဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုပြီး သတင်းရထားတဲ့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မောင်တောမြို့မရဲစခန်းမှာ ဇူလိုင် ၆ ရက်နေ့ မနက် ရဲဝန်ထမ်းတွေ တန်းစီကြစဥ် မြို့မရဲစခန်းမှူးက ပြောကြားခဲ့တာလို့ မောင်တောမြို့မရဲစခန်း ရဲအရာရှိတဦးက ပြောပါတယ်။ 

"ဒီနေ့မနက် တန်းစီတဲ့အချိန်မှာ စခန်းမှူးက ပြောတာဗျ။ ရဲကင်းစခန်းနဲ့ နယ်ခြားစောင့်စခန်းတွေကို ဝင်တိုက်ဖို့ရှိနေတယ်လို့ ပြောတယ်။ ဘယ်အဖွဲ့က ဝင်တိုက်မလဲဆိုတာတော့ မပြောတတ်ဘူး။ အားလုံးသတိဝိရိယနဲ့နေထိုင်ကြဖို့​ ပြောကြားခဲ့တယ်။”

ဇူလိုင် ၃ ရက် ညနေက ငါးခူရနယ်မြေ ၅ မှ ရဲအုပ် ၁ ဦးနဲ့ ဒုရဲအုပ် ၂ ဦးအပါအဝင် ဒုရဲအုပ် ၁ ဦးရဲ့ ဇနီးတို့ ထွက်ပြေးသွားကြတာကြောင့် စစ်ကောင်စီက မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်နဲ့ ရဲကင်းစခန်းတွေကို အခုလို အမိန်းထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

"ရဲနဲ့ နယ်ခြားစောင့်တွေက မကြာမကြာထွက်ပြေးနေကြတော စစ်ကောင်စီက စိုးရိမ်လာတာပေါ့။ နောင်ပိုင်း တပ်ရင်း တပ်ဖွဲ့ တခုလုံး ထွက်ပြေးလာနိုင်ကြတယ်။"

မောင်တောဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်အချင်းချင်း တန်းတူအခွင့်အရေးမရရှိတာနဲ့ အဖိအနှိပ်ခံနေရတာတွေကြောင့် မကြာခဏထွက်ပြေးနေကြတာပါ။

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ တည်ရှိပြီး နခခ(၁)မှ နခခ (၁၀) အထိ အသစ်ဖွဲ့စည်းထားကာ ယခင်ဖွဲ့စည်းထားတဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့အောက်မှာရှိတဲ့ နယ်မြေ ၁၁ ခုအား ခွဲဝေအုပ်ချုပ်နေပါတယ်။

အဲဒီအထဲက နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်း၀ကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုး ကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၅၇ နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၄) ခုနဲ့ လှုပ်ရှားဆောင်ရွက်နေတယ်လို့ နယ်ခြားစောင့်ရဲမှတ်တမ်းများအရ သိရပါတယ်။

မြန်မာ-ဘင်္ဂလာနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်းငယ်တွေကို ရက္ခိုင်တပ်တော်က သိမ်းနိုင်ခဲ့ပြီး အင်အား ၇၀ နဲ့ ၁၀၀ ကြားရှိ စခန်းတွေလည်း အင်အားသွားပေါင်းပြီး နောက်ဆုတ်သွားတာတွေရှိတယ်လို့ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013