DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး
DVB
·
July 31, 2026
Photo: POLICE HANDOUT
Photo: POLICE HANDOUT
Donate to DVB

ပါကစ္စတန်အနောက်မြောက်ပိုင်း ခိုင်ဘာပက်ရှ်တွန်ခွာ ပြည်နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ချုံခိုတိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့အပြီး ခိုင်ဘာပက်ရှ်တွန်ခွာပြည်နယ် ရဲတပ်ဖွဲ့မှူး ဇူလ်ဖှီကာ ဟာမိ(ဒ်) ဟာ ဆေးရုံတက်နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီ ဇူလိုင် ၃၀ ရက်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါဟာ တပတ်အတွင်း ရဲကင်းစခန်းတခုကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရတာဖြစ်ပြီး အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက်သမားတွေ လုပ်ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အာဖဂန်နယ်စပ်နီး၊ အကြမ်းဖက်အဖွဲ့အစည်းတွေ ကြာမြင့်စွာ အခြေစိုက်ခဲ့တဲ့ ဟန်ဂူးခရိုင်မှာ ဇူလိုင် ၂၉ ရက် ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက်သမားတွေဟာ ပန်ကာ ၄ ခုပါ ကွာ့ဒ်ကော့ပ်တာ ဒရုန်းတွေမှာ တပ်ဆင်ထားတဲ့ လက်လုပ်မိုင်းတွေနဲ့ ရဲကင်းစခန်းကို ပထမဆုံး တိုက်ခိုက်ခဲ့ပြီးမှ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နာရီပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်နဲ့ တိုက်ခိုက်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ဟာမိ(ဒ်) က ပြောပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား လက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့လတွေအတွင်း ပါကစ္စတန်နယ်စပ်ဒေသတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

အကြမ်းဖက်သမားတွေဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ ဘေးကင်းတဲ့စခန်းတွေကို အသုံးပြုပြီး ပါကစ္စတန်မှာ တိုက်ခိုက်ဖို့ လေ့ကျင့်ရေးနဲ့ အစီအစဉ်ဆွဲမှုတွေ လုပ်ဆောင်နေတာလို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။

အာဖဂန် တာလီဘန်အစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဒီအကြမ်းဖက်မှုဟာ ပါကစ္စတန်ရဲ့ ပြည်တွင်းရေးပြဿနာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013