DVB Logo
Home
နိုင်ငံတကာ
ခရိုင်အဆင့်ရွေးကောက်ပွဲများကို ပြင်ဆင်ရန် ဟောင်ကောင်လွှတ်တော် မဲခွဲဆုံးဖြတ်
DVB
·
July 7, 2023
ခရိုင်အဆင့်ရွေးကောက်ပွဲများကို ပြင်ဆင်ရန် ဟောင်ကောင်လွှတ်တော် မဲခွဲဆုံးဖြတ်
Donate to DVB

ဟောင်ကောင် ဥပဒေပြုလွှတ်တော်ဟာ တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာတွေကို သိသိသာသာ လျှော့ချခြင်းအားဖြင့် ခရိုင်အဆင့် ရွေးကောက်ပွဲတွေကို ပြန်လည်ပြင်ဆင်ဖို့ ဇူလိုင် ၆ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ 

ပြင်ဆင်ချက်ဥပဒေမူကြမ်းအရ  ၈၈ နေရာကိုသာ ပြည်သူက တိုက်ရိုက်ရွေးချယ်လို့ရမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဒီမိုကရေစီ ဘက်တော်သားတွေ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲနေရာ ၄၅၂ နေရာမှ လျော့နည်းသွားမှာဖြစ်ပါတယ်။ 

စုစုပေါင်း ထိုင်ခုံအရေအတွက်ကိုလည်း ၄၇၉ မှ ၄၇၀ ကို လျှော့ချမှာ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းဟာ ဟောင်ကောင်ရှိ ကျန်ဒီမိုကရေစီအင်အားစုတွေကို တားဆီးနိုင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံမှ ပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေနဲ့ လွှတ်တော် အမတ်ဟောင်းတွေနဲ့ ခရိုင်ကောင်စီဝင်တွေကို ဖမ်းဆီးခြင်းနဲ့ Civic Party အပါအဝင် ဒီမိုကရေစီ နိုင်ငံရေးပါတီ အများအပြားကို ဖျက်သိမ်းခြင်းတို့ကို ဖြစ်ပေါ်စေမယ်လို့ ဆိုပါတယ်။ 

ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လိုတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အမျိုးသားလုံခြုံရေး နောက်ခံစစ်ဆေးမှုကို အတည်ပြုခံရမှာဖြစ်ပြီး ကော်မတီအများအပြားကနေ အနည်းဆုံး ၃ ဦးကို  အမည်စာရင်း တင်သွင်းခွင့်ရမှာဖြစ်ပါတယ်။ 

အတိုက်အခံ ဒီမိုကရေစီရေး ထောက်ခံသူအများစုကို ဝင်အရွေးခံ ယှဉ်ပြိုင်ခွင့်ကို ထိထိ ရောက်ရောက် တားမြစ်ပိတ်ပင်ထားပါတယ်။ 

ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတဲ့ ကျန်နေရာတွေအတွက် ၄၀ ရာခိုင်နှုန်းကို မြို့ တော်ခေါင်းဆောင်က ခန့်အပ်မှာဖြစ်ပြီးတော့ အတွေ့အကြုံရှိ လူဟောင်းတွေအတွက် ၂၇ နေရာ ချန်ထားမှာ ဖြစ်ပါတယ်။

နောက်ထပ် ၄၀ ရာခိုင်နှုန်းကိုတော့ ခရိုင်တခုစီရှိ ကော်မတီတွေကနေ ရွေးချယ်မှာဖြစ်ပြီး ရာဇ၀တ်မှုနဲ့ မီးဘေးလုံခြုံရေး စတဲ့ ကိစ္စတွေမှာ လွှမ်းခြုံပါဝင်နေတဲ့ အဲဒီကော်မတီအဖွဲ့ဝင်တွေကို တော့ ဟောင်ကောင်အစိုးရ အကြီးတန်းအရာရှိတဦးက ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ 

ဒါဟာ တရုတ်နိုင်ငံ အုပ်ချုပ်နေတဲ့ ဟောင်ကောင်မြို့တော်ရှိ ဒီမိုကရေစီ လွတ်လပ်ခွင့်ရဲ့ နောက်ဆုံး အငွေ့အသက်တချို့ကို ဖယ်ရှားလိုက်တာဖြစ်ကြောင်း ဝေဖန်သူတွေက ပြောကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013