DVB Logo
Home
အားကစား
ဟယ်ရီကိန်းကို လုပ်ခလစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးရန် စပါးအသင်းကြိုးပမ်း
DVB
·
July 7, 2023
ဟယ်ရီကိန်းကို လုပ်ခလစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးရန် စပါးအသင်းကြိုးပမ်း
Donate to DVB

စပါးအသင်းဟာ အသင်းခေါင်းဆောင်ဟယ်ရီကိန်းကို လုပ်ခလစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပါတယ်။

ဂါးဒီးယန်းသတင်းစာရဲ့အဆိုအရ စပါးအသင်းဟာ လာမယ့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဟယ်ရီကိန်းကို ဆက်ထိန်းဖို့ ဆန္ဒရှိနေပြီး သက်တမ်းတိုးဖို့ စီစဉ်ထားတာပါ။

ကိန်းဟာ လက်ရှိအချိန်မှာတစ်ပတ်လုပ်ခပေါင် နှစ်သိန်းလောက် ရရှိနေပြီး စာချုပ်သစ်မှာ အဲဒီပမာဏ ထက်ပိုမိုများပြားစွာနဲ့ စပါးအသင်းက ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

တစ်ဖက်မှာလည်း ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုရရှိထားပေမဲ့ ပြောင်းရွှေ့ကြေး  ပေါင်သန်း ၁၀၀  မရရှိတာကြောင့် စပါးအသင်းက ပယ်ချထားပါတယ်။

ဘိုင်ယန်အသင်းဘက်က ပေါင်သန်း ၈၀ အပါအဝင် ထပ်ဆောင်းပေးချေရမယ့် ငွေကြေးပမာတစ်ခုနဲ့ တိုးမြှင့်ကမ်းလှမ်းဖို့လည်းရှိပါတယ်။

ဒီအခြေအနေမှာ ကိန်းကို လုပ်ခတိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့စပါးအသင်းက ကြံရွယ်လာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013