

တွစ်တာလိုမျိုး အသုံးပြုနိုင်တဲ့ Threads အက်ပ်ကို မက်တာက မိတ်ဆက်လိုက်ပြီးဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မက်တာပလပ်ဖောင်းများ (META.O) ဟာ လူမှုမီဒီယာဆိုက်မှာ ပို့စ်ဘယ်လောက်ဖတ်နိုင်တယ် ဆိုတာကို တွစ်တာအမှုဆောင်ဥက္ကဋ္ဌ အီလွန်မက်စ်က ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာ မိုက်ခရိုဘလော့ဂ်အက်ပ် Threads ကို လွှင့်တင်ဖို့ စီစဉ်ခဲ့တာပါ။
အင်စတာဂရမ်ရဲ့ စာသားအခြေခံ စကားပြောဆိုမှု အက်ပလီကေးရှင်း Threads ကို ဇူလိုင် ၆ ရက်နေ့မှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ ဓာတ်ပုံမျှဝေတဲ့ ပလက်ဖောင်းပေါ်မှာ အကောင့်တွေကို လိုက်ကြည့်နိုင်သလို သုံးစွဲသူအမည်ကို တူညီစွာ ထားရှိနိုင်မှာဖြစ်ပြီး Apple ရဲ့ App Store မှာ ဒေါင်းလုတ် ရယူနိုင်မှာဖြစ်ပါတယ်။
Google Play Store မှာလည်း Threads ကို ဒေါင်းလုတ်ရယူခွင့် ပြုမပြုကိုတော့ မက်တာက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။










