DVB Logo
Home
နိုင်ငံတကာ
တရုတ် App Store မှ WhatsApp နှင့် Threads အက်ပ်များကို Apple ဖြုတ်ချ
DVB
·
April 19, 2024
တရုတ် App Store မှ WhatsApp နှင့် Threads အက်ပ်များကို Apple ဖြုတ်ချ
Donate to DVB

အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ တရုတ်အစိုးရရဲ့ အမိန့်အရ တရုတ် App Store မှာရှိတဲ့ Meta ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းတွေဖြစ်တဲ့ WhatsApp နဲ့ Threads အက်ပလီကေးရှင်းတွေကို Apple ကုမ္ပဏီက ဖြုတ်ချပေးခဲ့ရပါတယ်။

Meta ရဲ့ တခြားအက်ပလီကေးရှင်းတွေဖြစ်တဲ့ Facebook, Instagram နဲ့ Messenger အက်ပလီကေးရှင်းတွေတော့ ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ တရုတ် App Store မှာ ဒေါင်းလုပ်ရယူလို့ ရသေးတာ တွေ့ရတယ်လို့ ရိုက်တာသတင်းက အတည်ပြုပါတယ်။

အနောက်တိုင်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ YouTube တို့ X တို့လို အက်ပလီကေးရှင်းတွေလည်း ဒေါင်းလို့ရနေပါသေးတယ်။

ဒါပေမဲ့ Facebook သုံးလို့မရအောင် ပိတ်ခံထားရတာ ကြာပြီဖြစ်ပါတယ်။ ဒေါင်းပြီးရင် VPN သုံးပြီး ကျော်ဝင်တာမျိုးတော့ ရှိပါတယ်။

အခုလို App Store ကနေ လုံးဝဖယ်ရှားပေးလိုက်ရတာကတော့ ဒီလိုနည်းနဲ့ သုံးနေသူတွေအတွက် အခက်အခဲ ဖြစ်သွားစေနိုင်ပါတယ်။ ဘာဖြစ်လို့ WhatsApp နဲ့ Threads ကျမှ ဖယ်ရှားခိုင်းလဲ ဆိုတာတော့ မသိရသေးပါဘူး။

တရုတ်မှာ သုံးလို့ရတဲ့ အက်ပလီကေးရှင်းမှန်သမျှ မတ်လကုန် နောက်ဆုံးထား မှတ်ပုံတင်ရမယ်ဆိုတဲ့ စည်းမျဉ်းကို မလိုက်နာလို့ ဖြစ်နိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံကို မရွေးဘဲ တခြားဒေသနဲ့ အကောင့်ဖွင့်ထားရင်တော့ ဒေါင်းလို့ရမှာ ဖြစ်ပါတယ်။

တရုတ် ဆိုက်ဘာစပေ့စ် ကွပ်ကဲရေးရုံးကို မေးမြန်းထားရာမှာတော့ ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ကလည်း Apple ဟာ Chat GPT လို AI အက်ပ်တွေကို တရုတ်စည်းမျဉ်းနဲ့ မညီလို့ ဖြုတ်ပေးခဲ့ရပါသေးတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013