DVB Logo
Home
အားကစား
ဟယ်ရီကိန်းအတွက် ပေါင်သန်း ၈၀ ဖြင့်ဒုတိယအကြိမ်ကမ်းလှမ်းရန် ဘိုင်ယန်အသင်း ပြင်ဆင်
DVB
·
July 4, 2023
ဟယ်ရီကိန်းအတွက် ပေါင်သန်း ၈၀ ဖြင့်ဒုတိယအကြိမ်ကမ်းလှမ်းရန် ဘိုင်ယန်အသင်း ပြင်ဆင်
Donate to DVB

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းအတွက် ပေါင်သန်း ၈၀နဲ့ ဒုတိယအကြိမ်ကမ်းလှမ်းသွားဖို့ပြင်ဆင်နေပါတယ်။

ပေါင်သန်း ၆၀ လောက်နဲ့  ပထမအကြိမ်ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပြီးနောက် ပေါင်သန်း ၈၀ အပါအဝင် ထပ်ဆောင်းအပို ဆုကြေးတွေပါထည့်သွင်းပြီး ကမ်းလှမ်းဖို့ ဘိုင်ယန်အသင်းကစီစဉ်နေတာပါ။

ဟယ်ရီကိန်းဟာ ဈေးကြီးလွန်းကြောင်း ဘိုင်ယန်အသင်း ဥက္ကဋ္ဌ အူလီဟိုးနက်စ်က မှတ်ချက်ပေးခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ပြန်လည်စိတ်ဝင်စားလာခဲ့တာပါ။

ဘိုင်ယန်နည်းစနစ်ဒါရိုက်တာဟောင်း မိုက်ကယ်ရက်ရှ်ကီကတော့ ဟယ်ရီကိန်းက ဟာလန်းနဲ့ အမ်ဘာပေတို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးသုံးဦးစာရင်းဝင်ပြီး ဘိုင်ယန်အတွက် ချန်ပီယံလိဂ်ဆုဖလား ရဖို့ပိုမိုအခွင့်အရေးရှိလာ နိုင်မှာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ ပေါင်သန်း ၈၀နဲ့ ဒုတိယအကြိမ်ကမ်းလှမ်းချက်ကိုတော့ စပါးအသင်းဘက်က လက်ခံဆွေးနွေးလိမ့်မယ်လို့ ဘိုင်ယန်အသင်းက ယုံကြည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013