DVB Logo
Home
နိုင်ငံတကာ
တရားစီရင်ရေးဆိုင်ရာဥပဒေကြမ်းကို အစ္စရေးပြည်သူထောင်ချီ ဆန္ဒပြ
DVB
·
July 2, 2023
တရားစီရင်ရေးဆိုင်ရာဥပဒေကြမ်းကို အစ္စရေးပြည်သူထောင်ချီ ဆန္ဒပြ
Donate to DVB

တရားရုံးချုပ်ရဲ့ အာဏာကို ကန့်သတ်မယ့် ဥပဒေမူကြမ်းကို ဥပဒေပြုအမတ်တွေက အခြေအတင် စတင် ဆွေးနွေးပြီးတဲ့နောက် ရက်ပိုင်းအကြာ ဇူလိုင် ၁ ရက်မှာ အစ္စရေးပြည်သူ ထောင်သောင်းချီဟာတဲလ်အဗီ မြို့ရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ဘာသာရေး- အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က အစ္စရေးရဲ့ ဒီမိုကရေစီကို အာမခံချက် ဆက်ပေးမယ်လို့ ကတိပြုခဲ့လို့ ဆန္ဒပြသူတွေက အစ္စရေးအလံတွေကို ဝှေ့ယမ်းရင်း 'ဒီမိုကရေစီ' လို့ ကြွေးကြော်ခဲ့ကြပါတယ်။ 

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် နေတန်ယာဟုဟာ အတိုက်အခံပါတီတွေနဲ့ အပေးအယူ ဆွေးနွေးဖို့ သူ့ရဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို မတ်လမှာ ရပ်ဆိုင်းခဲ့ရပါတယ်။

သူ့ရဲ့ ဆွေးနွေးပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်က ရလဒ်မအောင်မြင်ဘူးလို့ ကြေညာခဲ့အပြီး ဥပဒေ တချို့ကို ပြန်အသက်သွင်းဖို့ နေတန်ယာဟု က အမိန့်ပေးခဲ့ပါတယ်။

ခါးခါးသီးသီး ထောက်ပြ ငြင်းဆိုနေတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အဓိကကျတဲ့ အပိုင်းကို ဖယ်ရှားခဲ့ပြီး တရားသူကြီးတွေကို ရွေးချယ်တဲ့ နည်းလမ်းကိုတော့ ရအောင်ဆက်လုပ်မယ်လို့ နေတန်ယာဟုက ပြောထားတဲ့ လူတွေ့မေးမြန်းခန်း ရုပ်သံကို ဝေါလ်စထရိဂျာနယ်က ဇွန် ၂၉ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဥပဒေမူကြမ်း အသစ်ဟာ အစောပိုင်း အဆိုပြုချက်ထက် အများကြီး ပိုပျော့ပျောင်း လာမယ် လို့ ညွှန့်ပေါင်းအမတ်တွေက ထောက်ပြ ပါတယ်။

ဒါပေမဲ့တရားစီရင်ရေးဆိုင်ရာ ဥပဒေမူကြမ်းအသစ်ဟာ အဂတိလိုက်စားမှုအတွက် လမ်းဖွင့် ပေးထား ဆဲပဲလို့ အတိုက်အခံတွေက ပြောပါတယ်။

အဆိုပြု ထားတဲ့ တရားစီရင်ရေးစနစ် အလုံးစုံ ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းဟာ အစ္စရေးရဲ့ ဒီမိုကရေစီစနစ် ကျန်းမာရေးအပေါ် အနောက်နိုင်ငံတွေက စိုးရိမ်စေပြီး ရင်းနှီးမြှုပ်နှံသူတွေကို ခြောက်လှန့်နေ တာပါ။

နေတန်ယာဟုဟာ တရားရုံးရဲ့ လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ ဝေဖန်သူတွေက ရှုမြင်ထားပြီး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ တရားရင်ဆိုင် နေရဆဲ နေတန်ယာဟု ကတော့ စွဲချက်ကို ငြင်းဆို ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013