DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲအကြိမ် ၄၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေဆုံးဟု  BPLA ကြေညာ
DVB
·
July 2, 2023
တိုက်ပွဲအကြိမ် ၄၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေဆုံးဟု  BPLA ကြေညာ
Donate to DVB

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) စတင်ဖွဲ့စည်းတည်ထောင်ပြီးချိန်ကတည်းက အချိန် ၁ နှစ်ခွဲအတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၉၀ ကျော်ကို ချေမှုန်းသတ်ဖြတ်နိုင်ခဲ့တယ်လို့ ဇွန် ၃၀ ရက်က ထုတ်ပြန်ပါတယ်။

BPLA ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး အဲဒီနှစ် ဒီဇင်ဘာလထဲမှာပဲ ရှေ့တန်းစစ်မြေပြင်ဆီ စတင်ရောက်ရှိခဲ့ကာ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက် တခြားသော မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တိုက်ပွဲကာလ ၁ နှစ်ခွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၆ ယောက်ကိုတော့ အရှင်လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း BPLA တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိကာ ၄ ယောက် ဖမ်းဆီးခံခဲ့ရပြီးတော့ စစ်ကောင်စီတပ်တွေဘက်ကနေ ၆၀ မမ ၄ လက်၊ ၄၀ မမ ၂ လက်နဲ့ RPG ၂ လက်နဲ့ တခြားလက်နက်ငယ်တွေအပါအဝင် စုစုပေါင်း လက်နက် ၆၈ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013