DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ALP တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
July 1, 2023
စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ALP တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်နဲ့ စစ်တွေတက္ကသိုလ်အကြားမှာ ပစ်ခတ်မှုတခုဖြစ်ပွားပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇူလိုင် ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က မင်းဂံရပ်ကွက်နဲ့ စစ်တွေတက္ကသိုလ်အနီး ရထားလမ်းမှာ ALP တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားပစ်ခတ်ခံရတာဖြစ်ပြီး အခင်းဖြစ် နေရာမှာ ၃ ဦးမှာ သေဆုံးခဲ့ကာ ၃ ဦးကတော့ စစ်တွေမြို့ပြည်သူ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

"ပစ်ခတ်တာကတော့ နေ့လယ် ၁၂ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ပွားကြတာဖြစ်တယ်။ သူတို့စီးလာတဲ့ကားကို ပစ်ခတ်တာဖြစ်ပြီး ၃ ဦးကတော့ အပစ်ခံရတဲ့နေရာမှာတင် သေသွားတယ်။ နောက် ၃ ဦးကိုတော့ စစ်တွေမြို့ ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြတယ်။"

အခုပစ်ခတ်မှုဖြစ်စဉ်ကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

လက်ရှိမှာ အခင်းဖြစ်ပွားခဲ့နေရာကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသလို စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်နဲ့ ကျောက်တန်းစစ်ဆေးရေးဂိတ်တို့မှာ ပိတ်ဆို့ စစ်ဆေးတွေတာတွေရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စောမြအပါဝင် ထိပ်တန်းအရာရှိ ၃ ဦး အသတ်ခံခဲ့ကြရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထား တာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတာဖြစ်ပါတယ်။

အခုလိ ALP တပ်ဖွဲ့ဝင် ၃ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ALP ရဲ့အတည်ပြုချက်ကို ရရှိဖို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013