DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုကို အဓမ္မရွှေ့ခိုင်းသဖြင့် ရွာသားများ အခက်ကြုံ 
DVB
·
June 28, 2023
ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုကို အဓမ္မရွှေ့ခိုင်းသဖြင့် ရွာသားများ အခက်ကြုံ 
Donate to DVB

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုရှိ နေအိမ်တွေကို ဇူလိုင် ၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ဖို့  စစ်ကောင်စီလက်အောက်ခံ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဇွန် ၂၆ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်တာကြောင့် ဒေသခံ ပြည်သူတွေ အခက်အခဲကြုံနေကြပါတယ်။

ဒေသခံတဦးက “အောင်ပင်လယ်ရှေ့ခြမ်း လယ်ကွင်းတွေဆိုရင်  မှတ်မိလွယ်ပါတယ်။ နန်းဦးလွင် အကွက်သစ်သာမက ချောင်းအနောက်ဘက် အိမ်နီလမ်းတဝိုက်က အိမ်တချို့ပါ မှင်နီတားထားတဲ့ စာရောက်လာတယ်။ တဲကုန်း၊ ဘူးကုန်း၊ ကုန်းတန်းက အိမ်တချို့ပါမယ်"  လို့ ပြောပါတယ်။

ဒေသခံ ဆေးမှုတ် သံပန်းသံတံခါး လုပ်ငန်းလုပ်ကိုင်သူတဦးက “မတတ်နိုင်ဘူး။ ကိုယ့်အိမ်လည်းပါသွားပြီ” လို့  ပြောပါတယ်။

လယ်ယာမြေဥပဒေပုဒ်မ ၁၇(ဃ) အရ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို  မိမိအစီအစဥ်နဲ့ ဖျက်သိမ်းရမယ်ဆိုပြီး သတိပေးစာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

ရှေ့နေတဦးက “တတ်နိုင်တဲ့ ဈေးလေးပေးပြီး အကွက်ရိုက်မြေတွေ ဝယ်ပြီးနေကြတာ။ ဘာမှမဖြစ်ပါဘူးဆိုပြီး ပြောရောင်းတဲ့ ဥက္ကဋ္ဌ၊  ပွဲစားတွေကြောင့် အဆောက်အဦ ဆောက်မိသူတွေ ဒုက္ခရောက်ကုန်ပြီ။ ရှေ့နေတွေလည်း သေချာမရှင်းပြခဲ့သလို ဆောက်လုပ်ခွင့်ပေးတဲ့ တာဝန်ရှိအဖွဲ့အစည်းတွေလည်း ငြိမ်နေကြပြီ” လို့ ပြောပါတယ်။

အခုလို လူနေအိမ်တွေကို ဖယ်ရှားခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက မေ ၂၇ ရက် မန္တလေးနေ့စဥ်သတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နည်းဥပဒေအရ အရေးယူမယ်ဆိုပြီး ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013