DVB Logo
Home
မြန်မာသတင်း
MSPDF ခေါင်းဆောင်ကို ကယ်ထုတ်ရာမှ သားဖြစ်သူအပါအဝင် ရဲဘော်အချို့ကျဆုံး
DVB
·
June 27, 2023
MSPDF ခေါင်းဆောင်ကို ကယ်ထုတ်ရာမှ သားဖြစ်သူအပါအဝင် ရဲဘော်အချို့ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့ မနက်အစောပိုင်းက အဖမ်းခံတဲ့ ဖခင်ဖြစ်သူ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF အဖွဲ့ခေါင်းဆောင်ကို ကယ်ထုတ်ဖို့ ကြိုးစားရာမှ သားအဖ ၂ ယောက်နဲ့ PDF ရဲဘော် ၂ ယောက် ၄ ယောက်လုံး ကျဆုံးခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဇွန် ၂၆ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ​မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့‌တွေ ပရိမ္မ ရွာကို ဝင်ရောက်ချိန် MSPDF ခေါင်းဆောင် ကိုသက်ခိုင်ကိုတွေ့ သွားပြီး ဖမ်းခေါ်ဆောင်သွားခဲ့တာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

"ရွာထဲကင်းပတ်ပြီးအပြန် သူ့အိမ်ရှေ့အရောက်မှာ ဖမ်းခံရတာ၊ သားနဲ့ရဲဘော်နှစ်ဦးက လက်နက်ကြီးကျည်ထိပြီး ဆုံးသွားပါတယ်။ အဖေဖြစ်သူကို အရှင်ဖမ်းခေါ်သွားပြီး တောထဲမှာပဲ သတ်လိုက်ကြတာ။"

MSPDF အဖွဲ့ဟာ မြောင်မြို့နယ်အတွင်းမှာ အခြေစိုက်ပြီး တော်လှန်ရေးကာလ အစပိုင်းကတည်းက အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်နဲ့ တော်လှန် တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက သာစည်ရွာတိုက်ပွဲမှာ လက်နက်ကြီး ထိမှန်တာကြောင့် Vakok-CNDF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီ သိရပါတယ်။

ဇွန် ၂၅ ရက် မနက်က ကလေးမြို့ အဖွဲ့စက်စစ်ဆေးရေးဂိတ်ကနေ ဇင်းကလင်းရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကလေးဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့  သာစည်ရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး CDF-KKG သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက "တိုက်ပွဲအပြီးတပ်ဆုတ်ချိန်မှာ သူတို့ဘက်က လက်နက်ကြီးကျည်ကြောင့် ကျနော်ပူးပေါင်းတပ်ဘက်က ရဲဘော် မင်းခန့်ကျော်လက်နက်ကြီးမှန်ပြီး ကျဆုံးခဲ့တယ်။ KKG က ရဲဘော် ၃ ဦး ဒဏ်ရာရတယ်။ ၁ ဦးကတော့ ပေါင်မှာထိသွားလို့ စိုးရိမ်ရတဲ့အခြေအနေပါ။ ရန်သူဘက်က ထိခိုက်ကျဆုံးမှုတော့ရှိနိုင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲကို CDF-KKG၊UGF၊PDF-Kalay၊ Vakok-CNDF နှင့် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ သာစည်ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီက သာစည်ရွာက ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက် ကျေးရွာရှိ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်စွဲထားတဲ့နေရာကို ဇွန် ၂၅ ရက်နေ့ ညနေမှာ ဒေသတွင်း တော်လှန်ရေးပူးပေါင်းအဖွဲတွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

"Shar Htoo Waw Dron နည်းပညာ(မောင်းသူမဲ့လေယာဉ်) ကို အသုံးပြုပီး 1Kg ဗုံးသီး ၅ လုံး တာဝေးပစ်လက်နတ် ၆၀-မမ နဲ့ ဗုံးသီး ၆ လုံး ပစ်ချ တိုက်ခိုက်ခဲ့ပါတယ်။ စခ.. နဲ့ပျူတွေ နေထိုင်တဲ့ အိမ်အပေါ်ကို ကျရောက်ပေါက်ကွဲပါတယ်။ စခ နဲ့ ပျူ ထိခိုက် သေဆုံးမှုကိုတော့ စုံစမ်းဆဲပါဗျ" လို့ ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁/၂၂/၂၃ KLG PDF (ကျောက်လုံးကြီး) အဖွဲ့နဲ့ ဒေသတွင်း နယ်မြေခံ ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013