DVB Logo
Home
မြန်မာသတင်း
ကမာရွတ်တွင် သက်တမ်းရင့် အပင်လဲကျပြီး တက္ကသိုလ်ကျောင်းသား ၁ ဦး ဒဏ်ရာရ
DVB
·
June 26, 2023
ကမာရွတ်တွင် သက်တမ်းရင့် အပင်လဲကျပြီး တက္ကသိုလ်ကျောင်းသား ၁ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ဇွန် ၂၄ ရက် ညနေပိုင်းက သက်တမ်းရင့်သရက်ပင် ပြိုလဲကျပြီး တက္ကသိုလ်ကျောင်းသား တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီ မိနစ် ၂၀ လောက်က မိုးသည်းထန်စွာရွာပြီး လေပြင်း တိုက်ခတ်ကာ တက္ကသိုလ်များဆေးရုံဝင်းအတွင်းရှိ သရက်ပင်က လမ်းပေါ် ပိတ်ဆို့ လဲကျခဲ့တာပါ။

သစ်ပင်ပြိုလဲမှုကြောင့် ပလက်ဖောင်းပေါ် လမ်းလျှောက်လာတဲ့ အသက် ၁၉ နှစ်အရွယ် စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကောင်းခန့်သူရဲ့ ဘယ်ဘက်ပေါင်နဲ့ ခြေသလုံးတို့မှာ ကျိုးကြေမွပြီး ပြတ်တောက်သွားပါတယ်။

ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦးက “တက္ကသိုလ်များဆေးရုံဝင်းက သရက်ပင် လမ်းပေါ်လဲပြီး ပိတ်နေတာ။ ကောင်လေးက ခြေထောက်ညပ်သွားတယ်။ ပိတဲ့အရှိန်နဲ့ဆိုတော့ ထိထားတာ များသွားတာပါ။ အပင်ကို ဖြတ်တောက်‌နေရင်း သွေးထွက်လွန်နေတော့ သတိမလစ်သွားအောင် အောက်စီဂျင်ပေးတာတို့ လုပ်ရတယ်။ ဘက်ခြေထောက်တဖက်ကတော့ ကျိုးပြီး ကြေသွားပါတယ်” လို့ ပြောပါတယ်။

သစ်ပင်ပိနေတဲ့နေရာကို ကမာရွတ်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့တွေက နာရီဝက်ခန့်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူရဲ့ ဥက္ကံမြို့နယ်နေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး Man လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီး အ‌ရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - စမ်းချောင်းအရန်မီးသတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013