DVB Logo
Home
မြန်မာသတင်း
မြောက်ဒဂုံ YBS 12 ဘတ်စ်ကားဂိတ်တွင် ဗုံးပေါက်  
DVB
·
June 26, 2023
မြောက်ဒဂုံ YBS 12 ဘတ်စ်ကားဂိတ်တွင် ဗုံးပေါက်  
Donate to DVB

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊  ၅၀ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းမပေါ်ရှိ YBS 21 ကားဂိတ်မှာ ဇွန်လ ၂၅ ရက် ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ကိုးနာရီဝန်းကျင်က YBS 12 ကားဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး YBS ယာဥ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်နေသူ တဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"လူသေတယ်လို့တော့ မကြားဘူး။ ကားတွေပဲထားတာ၊ ကားတစ်စီးပျက်စီးသွားတယ်။ စစ်သားတွေရော ရဲရောညက ဗိုလ်ရာညွန့်လမ်းဘက်တွေပါ စစ်တာ။"

YBS 12 ကားဂိတ်မှာ မနေ့ည ၉ နာရီ ၅၀ မိနစ်က ညအိပ်ရပ်ထားတဲ့ YBS 12 ယာဥ်လိုင်းမှ YGN 2P/8467 ကားရဲ့အနီးမှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး  လူထိခိုက်မှု မရှိဘဲ ကားအနောက်ဘန်ကာ ပြုတ်ကျပျက်စီးခဲ့တယ်လို့ ယာဥ်လိုင်းနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"ဒါနဲ့ဆိုနှစ်ကြိမ်ရှိပြီဆိုတော့ လေးလပိုင်းက ကားပေါ်မှာဗုံးတွေ့တာ အခုက ကားဂိတ်မှာ ပေါက်တာ ယာဥ်မောင်းတွေ အကုန်လုံး အခုဆိုသတိထားနေရတယ်။"

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဗိုလ်ရာညွန့်လမ်းနဲ မြဝတီမင်းကြီးလမ်းထောင့်မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး YBS 12 ကားဂိတ်ဝင်းအတွင်း လက်ကျန်ဗုံးရှိမရှိစစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းက   ဆူးလေကနေ ကားဂိတ်ရင်းကို ဂိတ်ထိုးလာတဲ့ YBS 12  တစီးမှာလည်း  မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013