
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဝဲကလိကွင်းကွက်သစ်အနီး ရာဘာခြံတဲတခုမှာ ဇွန် ၂၃ ရက် မနက် ၆ နာရီ အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အောင်သူထွန်း(ခ) ငကျိုးဟာ နေအိမ်မှ လွန်ခဲ့သော ၁၀ ရက်လောက် ထွက်သွားခဲ့ပြီး အခုလို အဆုံးစီရင်သွားခဲ့ပြီး လမ်းသွားနေသူက စတင်တွေ့ရှိခဲ့တာပါ။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရေးပြည်သူ့ဆေးရုံရင်ခွဲကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ကိုယ်ကိုကိုယ် အဆုံးစီရင် ဆွဲကြိုချသတ်သေသူ အနည်းဆုံး ၅ယောက် လောက်ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အများဆုံးက စိတ်ဖိစီးပြီး စိတ်ကျရောဂါတွေကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်တာလို့ ဆေးဘက် ပညာရှင်တွေက ပြောဆိုထားပါတယ်။