DVB Logo
Home
မြန်မာသတင်း
Online Trading အစီအစဉ်အရ ၁ ဒေါ်လာ ၂,၉၂၀/၂,၉၂၂ ကျပ်နှုန်းဖြင့် အရောင်းအဝယ်လုပ်
DVB
·
June 23, 2023
Online Trading အစီအစဉ်အရ ၁ ဒေါ်လာ ၂,၉၂၀/၂,၉၂၂ ကျပ်နှုန်းဖြင့် အရောင်းအဝယ်လုပ်
Donate to DVB

တရားဝင်ငွေလဲနှုန်းကို တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်း သတ်မှတ်ထားပေမဲ့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ Online Trading အစီအစဉ် စတင်တဲ့ ဇွန် ၂၂ ရက်နေ့မှာ အမေရိကန် တဒေါ်လာကို  ၂,၉၂၀/၂,၉၂၂ ကျပ်နှုန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ထားချက်အရ သိရပါတယ်။

AD လိုင်စင်ရ ဘဏ်တွေနဲ့ Customer တွေအကြား၊ Customer အချင်းချင်းအကြား နိုင်ငံခြားငွေ အရောင်းအဝယ်အားလုံးကို ဗဟိုဘဏ် အကောင်အထည်ဖော်ထားတဲ့ Online Trading အစီအစဉ်နဲ့သာ ဆောင်ရွက်ရမယ်လို့ ဇွန် ၂၁ ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ခဲ့ပြီး  ဇွန် ၂၂ ရက်နေ့မှာ အဆိုပါအစီအစဉ်နဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။

အဲဒီအစီအစဉ်မှာ ကနဦးအနေနဲ့ AD လိုင်စင်ရဘဏ် ၆ ဘဏ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ငွေလဲနှုန်း ကျပ် ၂,၉၂၀-၂,၉၂၂ ကျပ်ပေါက်ဈေးနဲ့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉ သန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ USD SWAP Financing နဲ့ ရောင်းချခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ပမာဏရှိခဲ့တယ်လို့  ဆိုပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်က Online Trading အစီအစဉ်မှာ ရောင်းဝယ်ခဲ့တဲ့ ငွေလှယ်နှုန်းက ဈေးကွက်ပေါက်ဈေးဖြစ်လို့ ဆိုရှယ်မီဒီယာ အပါအဝင် တခြားနေရာတွေမှာ ဖော်ပြနေတဲ့ ငွေလဲလှယ်နှုန်းတွေ တရားမဝင်ဘူးလို့လည်း အသိပေးထားပါတယ်။

ဗဟိုဘဏ်ဟာ AD လိုင်စင်ရဘဏ်တွေက ပေးပို့တင်ပြထားတဲ့ နိုင်ငံခြားငွေ ရောင်းချလိုသူနဲ့ ဝယ်ယူလိုသူ စာရင်းတွေ၊ ဘဏ်နဲ့ Customer တွေအကြား ဆောင်ရွက်မယ့် အရောင်းအဝယ် စာရင်းတွေကို စိစစ်ပြီး အရောင်းအဝယ်ပြုလုပ်ရမယ့် ငွေလဲလှယ်နှုန်း၊ ကုမ္ပဏီတွေ၊ ငွေပမာဏ အစရှိတာတွေကို ဘဏ်တွေနဲ့ညှိနှိုင်းပြီး ဆုံးဖြတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်အတွင်းမှာတော့ တဒေါ်လာ ၃,၂၀၀ ကနေ ၃,၃၀၀ ကျပ်နှုန်းထိ အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ် အတော်များများ ရပ်ထားကြတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013