DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း လ.ဝ.က ဝန်ကြီး ဦးထွန်းထွန်းဦးကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချ
DVB
·
June 21, 2023
ပဲခူးတိုင်း လ.ဝ.က ဝန်ကြီး ဦးထွန်းထွန်းဦးကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချ
1 / 3
Donate to DVB

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၀င်၊ လ.၀.က၀န်ကြီး ဦးထွန်းထွန်းဦးကို ဒီနေ့ ဇွန်လ ၂၁ ရက်မှာ  ပေါင်းတည် စစ်ကောင်စီအထူးတရားရုံးကနေ ထောင်ချ ၆ နှစ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။

ဝန်ကြီး  ဦးထွန်းထွန်းဦးကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်  ၅၀၅ နဲ့ နှစ်မှု ခွဲပြီးတရားစွဲ ထောင်ချလိုက်တာဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူတယောက်က “သူက အရင်ကတည်းက ရှောင်နေတာ  အဲ့ဒိအချိန်မှာပဲ သူ့သမီး ပြည်ပထွက်ဖို့ ပတ်စ်ပို့သွားလုပ်ချိန်မှာ သူ့သမီးကို ဖမ်းထားပြီး သူ့ကိုလာ အဖမ်းခံခိုင်းလို့ တခါသွားပြီး  အဖမ်းခံလိုက်ရသေးတယ်။ ပြီးခဲ့နှစ် ဒီဇင်ဘာထဲမှာပဲ၊ အဲ့ဒိမှာ ခံ၀န်နဲ့ ပြန်လွှတ်ပေးထားပြီးနောက် မေလ ၂၁ ရက်က  ပေါင်းတည်မှာ သူ့ယောက္ခမဆုံးလို့တခါ  ပြန်လာတာကို ဖမ်းမိသွားတာ။ သူ့ကို ထွေအုပ်ကို ဖုန်းဆက်​ဆဲဆိုမှု၊ ဝန်ကြီးချုပ်ကိုယ်စားဝန်ထမ်းတွေကို စာထုတ်တဲ့ကိစ္စ အဲ့ဒိ ကိစ္စ ၂ ခုအတွက်  ၅၀၅ နှစ်မှု ခွဲ စွဲတာ” လို့ ပြောပါတယ်။

ဦးထွန်းထွန်းဦးကို ပေါင်းတည်ထောင်မှာပဲ ချုပ်နှောင်ထားပြီး ထောင်တွင်းစစ်ကောင်စီ အထူးတရားရုံးမှာ အမှုစစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ရက်မှာ အမိန့်ချဖို့ ချိန်းထားပြီး နောက်မှ သူက အစိုးရအဖွဲ့ဝင်ဖြစ်လို့ အထက်ကို အမိန့်ချဖို့မေးရဦးမယ်ဆိုပြီး ဒီနေ့ပြန်ချိန်းပြီးမှ အပြီးသတ်အမိန့်ချလိုက်တာလို့ ပေါင်းတည်မြို့နယ်တရားရုံးကနေ သိရပါတယ်။

ဦးထွန်းထွန်းဦးဟာ ပေါင်းတည် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး၊ ပဲခူးတိုင်းအစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်နဲ့ စက်မှု၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှာ ပဲခူးတိုင်းလွှတ်တော်ကနေ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် မဲခွဲအတည်ပြု ခန့်အပ်ခြင်းခံရသူ ဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013