DVB Logo
Home
မြန်မာသတင်း
ပလမြို့နယ်တွင် ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး ၁ ဦးသေဆုံး
DVB
·
June 15, 2023
ပလမြို့နယ်တွင် ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး ၁ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့နယ်၊ ကိုးပင်တောင်မှာ ဇွန်လ ၁၄ ရက်က သစ်ချသီးသွားကောက်တဲ့ ဒေသခံနှစ်ဦး မိုင်းနင်းမိပြီး တဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဦးမှာ သေဆုံးခဲ့တယ်လို့ ပလမြို့ခံတွေထံက သိရပါတယ်။

သေဆုံးသူ အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇော်လတ်နဲ့ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သူ အသက် ၄၆ နှစ်ဝန်းကျင်အရွယ် ဦးဖိုးလူတို့မှာ ပလမြို့ခံတွေဖြစ်ကြပြီး ပလမြို့၊ မင်းပြင်ကျေးရွာအနီး ကိုးပင်တောင်မှာ သစ်ချသီးသွားကောက်ရင်း မိုင်းနင်းမိတာလို့ ဆိုပါတယ်။

ပလမြို့ခံတဦးက “သူတို့က ရာဘာခြံ အရင်သွားကြပြီး အပြန်မှာ သစ်ချသီးသွားကောက်ကြတယ်။ သူတို့မိုင်းထိတာက ၁ နာရီဝန်းကျင်မှာပါ။ သူတို့ကို ၃ နာရီထိုးခါနီးလောက်မှ တွေ့တာပါ” လို့ ပြောပါတယ်။

မိုင်းနင်းမိသူ ဦးဖိုးလူမှာ မျက်စိနှစ်ဖက်စလုံး ထိခိုက်ခဲ့ရပြီး ဆေးကုသမှုခံယူနေရကာ မိုင်းစင်သွားသူ ကိုအောင်ဇော်လတ်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတချို့က အဲဒီမိုင်းဟာ စစ်ကောင်စီဘက်ကထောင်ထားတဲ့ မိုင်းလို့ ပြောဆိုနေကြသလို တချို့ကလည်း တောဝက်တွေဖမ်းဖို့ ထောင်ထားတဲ့ ဒိုင်းဗုံးဖြစ်တယ်လို့ ပြောဆိုနေကြပေမဲ့ အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်က ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးမှာ ဒေသခံတဦး စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013