DVB Logo
Home
မြန်မာသတင်း
မြန်မာစိုက်ပျိုးရေး နည်းပညာ၊ ထုပ်ပိုးခြင်းနှင့် ဈေးကွက်ရှာဖွေခြင်း လိုအပ်ဟု OIE ပြော
DVB
·
June 15, 2023
မြန်မာစိုက်ပျိုးရေး နည်းပညာ၊ ထုပ်ပိုးခြင်းနှင့် ဈေးကွက်ရှာဖွေခြင်း လိုအပ်ဟု OIE ပြော
Donate to DVB

မဲခေါင်-လာနာကန် ပူးပေါင်းဆောင်ရွက်ရေး (MLC) သဘောတူညီချက်အရ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မြှင့်တင်ဖို့ စက်မှုစီးပွားရေး (OIE) ရုံးက တွန်းအားပေး ဆောင်ရွက်နေပါတယ်။

MLC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်တို့က ရရှိတဲ့ သတင်းအချက်အလက်တွေကို မဲခေါင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့မှာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာနဲ့ စားသောက်မှုဖူလုံရေးဆိုင်ရာ နိုင်ငံတကာလေ့ကျင့်ရေး အစီအစဉ်တခု ရေးဆွဲဖို့ အသုံးပြုမယ်လို့ OIE ရဲ့ ညွှန်ကြားရေးမှူးချုပ် ဝါရာဝန်ချီတာရွန်းက ပြောပါတယ်။

အဆိုပါပွဲကို လာမယ့်နှစ် အစောပိုင်း ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

OIE နဲ့ National Food Institute ဟာ မကြာသေးမီက ရန်ကုန်နဲ့ မန္တလေးတို့ကို သွားရောက်ခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေး၊ ထောက်ပံ့ရေးကွင်းဆက်များနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အားကောင်းလာစေဖို့ အာဏာပိုင်များနဲ့ စီးပွားရေးလုပ်ငန်းရှင်များအကြား နက်နက်ရှိုင်းရှိုင်း သတင်းအချက်အလက်များ ဖလှယ်ဖို့ မကြာသေးမီက လာရောက်ခဲ့ကြောင်း မစ္စဝါရာဝန်က ပြောပါတယ်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ MLC အဖွဲ့ဝင်တွေကို သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူဖြစ်စေမယ့် အချက်များထဲမှ တခုဖြစ်ပါတယ်။

နိုင်ငံ ၆ နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုဟာ စီးပွားရေး အခွင့်အလမ်းသစ်တွေ ဖြစ်ပေါ်စေပြီး ခရိုင်များတလျှောက် စက်မှုလုပ်ငန်းကွန်ရက်တခု ထူထောင်နိုင်ရေးအတွက် လမ်းခင်းပေးမှာဖြစ်ကြောင်း သူမက ပြောပါတယ်။

မစ္စဝါရာဝန်က “မြန်မာဟာ သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ သင့်လျော်တယ်။ ပဲ၊ ကြံနဲ့ သစ်သီးဝလံတွေ အပါအဝင် စပါးနဲ့ အပူပိုင်းသီးနှံတွေကို ပြည်တွင်းဝယ်လိုအားနဲ့ ပြည်ပတင်ပို့နိုင်ဖို့ စိုက်ပျိုးကြပါတယ်။ နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထောက်ပံ့မှုကွင်းဆက်ဟာ အားကောင်းနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ လတ်ဆတ်တဲ့ ထုတ်ကုန်တွေနဲ့ စားသောက်ကုန်တွေ ပြုပြင်ဖို့ ကုန်ကြမ်းတွေကို တင်ပို့လေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေ အများကြီး မဖွံ့ဖြိုးသေးပါဘူး။ အဲဒီအချက်က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးလုပ်ငန်းသုံး နည်းပညာ၊ ထုပ်ပိုးခြင်းနဲ့ ဈေးကွက်ရှာဖွေခြင်းဆိုင်ရာ အသိပညာတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာဈေးကွက်ရှာဖွေရေးမှာ ထိုင်းနဲ့ အခြားသော MLC နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။

OIE ဟာ ဒေသခွဲပူးပေါင်းဆောင်ရွက်မှုမှတဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မြှင့်တင်မယ့် အစီအစဉ်ကို ပံ့ပိုးကူညီဖို့အတွက် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့မှ အာဏာပိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013