
ပရီးမီးယားလိဂ်ဆီ ပြန်တက်လှမ်းဖို့ ပြင်ဆင်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ လေတန်အိုရီးရန့် တိုက်စစ်မှူး ဒွန်ဘဲလတ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိတဲ့ ဒီတိုက်စစ်မှူးကို ဂျာမနီကလပ် ဝါဒါဘရီမင်အသင်းကလည်း ခေါ်ယူချင် နေတာ ဖြစ်ပါတယ်။
ဘဲလတ်အတွက်တော့ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ကစားခွင့်ရမဲ့ အခွင့်အရေးက ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။
အင်္ဂလန် ယူ-၂၀ လက်ရွေးစင် ဘဲလတ်ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းပြိုင်ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူ ခဲ့သူ ဖြစ်ပါတယ်။
ဆောက်သမ်တန် အကယ်ဒမီထွက်ဖြစ်တဲ့ သူ့ကို ဆွမ်ဆီးအသင်းနဲ့ ဘရစ္စတိုစီးတီး အသင်းတို့က လည်း ခေါ်ယူချင်နေကြတာပါ။
လေတန်အိုရီးရန့်အသင်းကတော့ ပြီးခဲ့တဲ့နွေရာသီကမှ ခေါ်ယူထားတဲ့ ဘဲလတ်ကို အခုတစ်ခေါက်မှာ အမြတ်အစွန်းအများကြီးနဲ့ ပြန်လည်ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။











