DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ၂ ဦး​၏ စျာပနကျင်းပ
DVB
·
June 12, 2023
ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ၂ ဦး​၏ စျာပနကျင်းပ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၂ ဦးရဲ့ ဈာပနကို ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းအမှတ်-၁၀၀၇ (မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-၂) က ထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက်က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်ရင်းအမှတ်-၁၀၀၇ (မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နဲ့ ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့ ၂ ဦးဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တိုက်ပွဲတိုင်းတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်တဲ့ ရဲဘော်များဖြစ်သလို ကျနော်တို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုတရပ်ဖြစ်ပါတယ်။ ရဲဘော် ၂ ဦးရဲ့ မိသားစုဝင်နဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ရဲဘော်နာတားလက်နဲ့ ရဲဘော်ဂျော်နိုင်တို့ကို အာဇာနည် သူရဲကောင်းများအဖြစ် အလေးနီပြု ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်” လို့ တပ်ရင်းအမှတ်-၁၀၀၇ (မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-၂) က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ရင်း တပ်ရင်းအမှတ်-၁၀၀၇ (မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-၂) မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့သလို ခြေထောက်ဆုံးရှုံးသွားတဲ့ ရဲဘော် ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရ ရဲဘော် ၁၇ ဦး အထိ ရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013