DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာတွင် YBS 21 ကို ဆိုင်ကယ်ဝင်တိုက် ၁ ဦးသေဆုံး၊  ၁ ဦး ဒဏ်ရာရ
DVB
·
June 11, 2023
ရွှေပြည်သာတွင် YBS 21 ကို ဆိုင်ကယ်ဝင်တိုက် ၁ ဦးသေဆုံး၊  ၁ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၄ မှာ ဇွန် ၁၀ ရက်ည ၁၂ နာရီက ဂတ်စ်ဖြည့်ဖို့ တန်းစီနေတဲ့ YBS 21 ဘတ်စ်ကားကို ဆိုင်ကယ်တစီးက  ဝင်တိုက်ခဲ့ရာ ဆိုင်ကယ်မောင်းသူသေဆုံးပြီး လိုက်ပါစီးလာ သူဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန် ၄ ပုလဲလမ်းမပေါ်ရှိ ဂတ်စ်ဆိုင်ရှေ့မှာ ဂတ်စ်ဖြည်ဖို့တန်းစီနေတဲ့ YBS 21 ကို ဆိုင်ကယ်တစီးက ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

"မိုးကလည်းရွာထားတော့ လမ်းကချော်နေတာ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့မောင်းလာနေရင် YBS ယာဥ်နောက်ဘက်ကို ဝင်တိုက်တာ မောင်းတဲ့သူခြေထောက်တွေ လက်တွေကျိုးပြီး ပွဲချင်းပြီး သေတယ် အနောက်ကနေ လိုက်စီးတဲ့ကောင်လေးလဲ စိုးရိမ်ရတယ် သွေးတွေ အန်တယ်"လို့ ပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်ရာနေရာကို ကနောင်နာရေးကူညီရေးအသင်း၊ ကြက်ခြေနီအသင်းနဲ့ ပရဟိတ အဖွဲ့တွေက ဒဏ်ရာရရှိသူကိုမြေပြင်ကုသမှုများပြုလုပ်ပေးပြီး အင်းစိန်ဆေးရုံကို ပို့လိုက် တယ်လို့ ဖြစ်စဥ်ကိုသိသူတစ်ဦးက ပြောပါတယ်။

"ကောင်လေးတွေက အသက် ၂၀ နှစ်ဝန်းကျင်တွေပဲရှိဦးမယ်။ မောင်းတဲ့သူက အခင်းဖြစ်တဲ့ နေရာမှာ သေတာဒဏ်ရာရတဲ၊ ကောင်လေး ခေါင်းလည်းထိတယ်၊ ပါးစပ်ကလည်း သွေးတွေအန်တယ်၊ မိသားစုဝင်တွေ ကို ဆက်သွယ်လိုရအောင်ကြိုးစားနေတယ်"လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်ကမြို့နယ်တချို့မှာ ယာဥ်တိုက်မှုတွေဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013