DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ငါးခြောက်ကုန်ကြမ်းအဝင် မရှိသဖြင့် ဈေးနှုန်း မြင့်တက်
DVB
·
June 11, 2023
ရေးမြို့နယ်တွင် ငါးခြောက်ကုန်ကြမ်းအဝင် မရှိသဖြင့် ဈေးနှုန်း မြင့်တက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ငါးခြောက်စျေးတွေ အရင်ကထက် ပိုမိုစျေးတက်သွားသလို ငါးခြောက်ကုန်ကြမ်းအဝင် မရှိတာကြောင့် စျေးကွက်မှာအဆမတန်စျေးနဲ့ အရောင်းအဝယ်လုပ်နေရတယ်လို့ စျေးသည်တွေက ပြောပါတယ်။

ရေးငါးခြောက်စျေးသည်တယောက်က “အခုက ငါးခြောက်ကုန်ကြမ်းတွေအဝင်မရှိဘူး။ ငါးခြောက် စျေးကလည်း အရင်က ငါးခြောက် ၅၀၀၀ ကျပ်တန်တဲ့ စျေးဟာ အခု ၂၀၀၀၀ အထိ ဖြစ်တယ်။ ၁၀၀၀၀ ဝန်းကျင်ရှိတဲ့ ငါးခြောက်ဟာ ၃၀၀၀၀ စျေးဖြစ်တယ်”လို့ ပြောပါတယ်။

ပုစွန်ခြောက်စျေးလည်း အရင်က ကျပ် ၃၀၀၀၀ ကျော်ဟာ အခု ၇၀၀၀၀ လောက်အထိ အားလုံးစျေး တွေ ထက်ဝက်ကျော်လောက်ကို တက်သွားတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

ပင်လယ်ငါးဖမ်းရာသီကာလ ပိတ်သိမ်းတာရယ်၊ အခု ငါးဖမ်းကိရိယာ လုပ်ငန်းသုံးအစဆုံး ငါးဖမ်းလှေရဲ့ ကုန်ကျစရိတ်က ၃ ဆလောက် ငွေပိုကုန်ကျ များတာရယ်နဲ့  ငါး မထိတဲ့ အခါ လုပ်ငန်းရှင်တွေ ကျပ် သိန်းရာချီဆုံးရှုံးခဲ့ရတယ်လို့ ရေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

နှစ်စဥ်ပင်လယ်ငါးဖမ်းရာသီဆို ကမ်းနီးကမ်းဝေးငါးဖမ်းလှေတွေဟာ ၅၀၀ ကျော်လောက်ရှိပြီး ငါးဖမ်းသမား ထောင်နဲ့ချီလုပ်ကိုင်နေပေမဲ့ လုပ်သားစျေးကွက်မှာ လုပ်သားရှားပါးမှုတွေကြောင့် ပွဲစားကနေတဆင့် လုပ်သားငွေလိမ်လည်မှုကပါ အမြဲကြုံနေရတယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုငါးဖမ်းရာသီကာလ ပိတ်သိမ်းထားတဲ့အခါ ငါးစို၊ ငါးခြောက်စျေးကွက်မှာ ငါးစျေး၊ ငါးခြောက် စျေးတွေဟာ စျေးကြီးပေး ဝယ်ယူနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013