
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက နေအိမ်တန်းလျားတစ်ခုမှာ သတင်းအရသွားရောက်ရှာဖွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ဇွန်လ ၇ ရက် ညပိုင်း ၈ နာရီ မိနစ် ၂၀ လောက်က မဲဆောက် ထိုင်းအာဏာပိုင်တွေရဲ့ သတင်းရင်းမြစ်ကနေ တိုင်တန်းတဲ့အတွက် ထိုင်းလဝကနဲ့ အာဏာပိုင်တွေက သွားရောက် ဖမ်းဆီးရမှာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့သူတွေရဲ့ အချက်အလက်နဲ့ ဘယ်လမ်းကြောင်းကနေ ထိုင်းနိုင်ငံတွင်းဝင်ရောက်ခဲ့ တယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြတာမရှိဘဲ ဖမ်းဆီးထားသူတွေကို ခဏထိန်းသိမ်းထားပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် ပြည်တွင်းမှာ စားဝတ်နေရေး စီးပွားရေး ပိုမို ကျပ်တည်းလာပြီး အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာနေကြတာဖြစ်ပါတယ်။
အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ထိုင်းနိုင်ငံမဲဆောက်မြို့ကို မြန်မာနိုင်ငံကနေ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံလာသူတွေ များပြားလာတဲ့အတွက် ထိုင်းအာဏာပိုင်တွေက မြို့တွင်းမှာ တင်မက နယ်စပ်စည်းနေရာတွေမှာပါ လုံခြုံရေးတိုးမြှင့်ထားပါတယ်။
တရားမဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသူ အနေနဲ့ မကြာခဏဆိုသလို ဖမ်းဆီးခံနေကြရပြီး ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း ဆေးလာကုတဲ့ PDF သုံးဦးကို ထိုင်းလဝကနဲ့ ရဲ ပူးပေါင်းအဖွဲ့တွေ က ဖမ်းဆီးကာ မြန်မာဘက်ခြမ်း မြဝတီမြို့ အင်ကြင်းမြိုင် BGF ဂိတ်ကို လွှဲပြောင်းပေးလိုက်တဲ့အတွက် အသတ်ခံရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
source - Tak Immigration