DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ပတ်စ်ပို့လုပ်ရန် အချိန်ကြာမြင့်မှုကြောင့်  မြဝတီ၌ အမြန်ကြေး ကျပ် ၆ သိန်း ပေးပြီး လုပ်ကိုင်နေကြရ
DVB
·
June 9, 2023
ရန်ကုန်တွင် ပတ်စ်ပို့လုပ်ရန် အချိန်ကြာမြင့်မှုကြောင့်  မြဝတီ၌ အမြန်ကြေး ကျပ် ၆ သိန်း ပေးပြီး လုပ်ကိုင်နေကြရ
1 / 2
Donate to DVB

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ရက်ချိန်း ပေးတာ လက်ရှိ ၁၁ လပိုင်းအထိ ရောက်ရှိနေပြီး အွန်လိုင်း ရက်ချိန်းတွေအပြည့် ဖြစ်တာကြောင့် အမြန်ကြေးပေးပြီး လုပ်ဆောင်ရတာ ရှိသလို ဈေးနှုန်းကလည်း ကျပ် ၆ သိန်းကနေ ၈ သိန်းအထိ ရှိတယ်လို့ ပတ်စ်ပို့ ပြုလုပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ ပတ်စ်ပို့ လုပ်ဖို့ အချိန်ကြန့်ကြာတာကြောင့် ကရင်ပြည်နယ်၊ မြဝတီဘက်မှာ ပတ်စ်ပို့လုပ်ခ အပြီးအစီးကျပ် ၆ သိန်း အမြန်ကြေး ပေးပြီး သွားလုပ်ရတဲ့ အခြေအနေ ရှိတယ်လို့ ကိုယ်တိုင် ပတ်စ်ပို့ လုပ်ခဲ့သူ တယောက်က ပြောပါတယ်။

“အပြီးအစီး ကားခရောမှ ၆ သိန်း၊ ရန်ကုန်မှာတော့ သူက စရံတွေ ပေးပြီးတာတောင်မှ ၂ ပတ်တွင်း ပါချင်တာ။ ၂ ပတ်တွင်း ဘယ်လိုမှ မရဘူးတဲ့။ ၃ ပတ်လောက် ကြာတာတဲ့။ ဈေးက အတူတူပဲ ရန်ကုန်မှာလည်း။ ၆ သိန်းလောက် ပေါက်တာလေ။ တချို့ဆိုလည်း ၈ သိန်းတဲ့။ အဲ့လိုတွေလည်း ရှိတယ်။ ၈ သိန်းတောင် ၂ ပတ်တွင်း ဝင်ရမှာပေါ့။ အဲ့လို ပြောတာ။ ၈ သိန်းပေးမယ်။ အခု ဝင်ချင်လို့ မရဘူး။ ၂ ပတ် အနည်းဆုံး စောင့်ရမယ်။ အရင်ဆုံး စရံနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့ ပေးထားရတာပေါ့။ ၂ ပတ်တွင်းခေါ်မယ်။ ၂ ပတ်တွင်း ပါအောင် လုပ်ပေးမှာပေါ့”လို့ မြဝတီမှာ ပတ်စ်ပို့ ပြုလုပ်ခဲ့သူတဦးက ပြောပါတယ်။

အွန်လိုင်း ရက်ချိန်း ရယူကာ ကိုယ်တိုင် ပတ်စ်ပို့ လျှောက်ထားမယ်ဆိုရင် ကုန်ကျငွေ ငွေကျပ် ၃၅၀၀၀ သာ ရှိပြီး ရက်ချိန်းကို အနည်းဆုံး ၂ လ၊ ၃ လလောက် စောင့်ဆိုင်းရပါတယ်။

ရက်ချိန်းရပြီးနောက် ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ အဆင့်ဆင့် လုပ်ဆောင်ရမှာလည်း အိမ်ထောင်စုဇယားမှာ မှတ်ပုံတင်နဲ့ မွေးသက္ကရာဇ် လွဲတာ၊ နာမည် စာလုံးပေါင်း လွဲတာတွေ အဲ့လို အမှားတွေ ပါလာခဲ့ရင် ငွေကျပ် ၃ သောင်း ပေးရတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ ပတ်စ်ပို့ရုံးမှာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်းက ပတ်စ်ပို့စာအုပ် လုပ်ခဲ့သူတွေက စလစ်သာရပြီး လက်ရှိအချိန်ထိ ပတ်စ်ပို့ မရသေးဘဲ စောင့်ဆိုင်းရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မြဝတီမှာ ပတ်စ်ပို့ လျှောက်ထားသူတဦးကလည်း “ကျနော်တို့ ၁၂ လပိုင်း ၁၁ ရက်နေ့က အေးဂျင့်နဲ့အတူတူ ပတ်စ်ပို့ သွားလုပ်တယ်။ ရုံးထဲမှာလည်း လက်မှတ် ဝင်ထိုးခဲ့တယ်။ စလစ်လည်း ရခဲ့တယ်။ ၅ လပိုင်းမှာ ထုတ်ပေးမယ်ဆိုပြီး ကြေညာခဲ့တယ်။ အခု မထုတ်ပေးသေးဘူး။ ၁၁ လပိုင်းသမားလည်း ရသွားပြီ။ ၁ လပိုင်း၊ ၂ လပိုင်း သမားလည်း ရပြီ။ ၁၂ လပိုင်း လုပ်တဲ့သူတွေပဲ အကုန်ကျန်ခဲ့တာ မထုတ်ပေးသေးဘူး။ ကျနော် ထင်တာတော့ ကျနော်တို့ တဖွဲ့လုံးတင် မဟုတ်ဘူး။ တခြားလူတွေလည်း ရှိလိမ့်မယ်။ ၁၂ လပိုင်းသမားတွေ အကုန်လုံးဆိုတော့ ထောင်နဲ့ချီ ရှိလိမ့်မယ်။ ထောင်နဲ့ချီလောက် ရှိမယ်။ ကျနော်တို့ ၇ ရက်လောက် နေခဲ့တယ်။ လူစောင့်နေရတယ်။ ၅ ရက်လောက်နေမှ လူတိုးလို့ရတယ်။ အစက အေဂျင့်က ပြောလာတယ်။ ၅ လပိုင်း ထုတ်ပေးမယ်တဲ့။ အခုက ၅ လပိုင်းကျော်လာတယ်။ ၆ လပိုင်းသာ ရောက်လာတယ်။ စာအုပ်တွေ မရဘူးဗျ။ ကျနော်တို့ အေးဂျင့်ကလည်း ဖေ့ဘွတ်အကောင့်ပါ ဖျက်သွားတယ်။ ဖုန်းအဆက်အသွယ်တော့ ရှိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ အသစ်ပြင်ဆင်ထားတဲ့ အွန်လိုင်း ဘွတ်ကင်စနစ်ဟာ ငွေကြေး သက်သာအောင်နဲ့ ပတ်စ်ပို့ရုံးမှာ တန်းစီရတာ အချိန်ကုန်သက်သာအောင် စီစဉ်ထားပေမယ့် အချိန်ကြာကြာ စောင့်ဆိုင်းရမှုတွေနဲ့ ပြင်ပမှာ အမြန်ကြေး ပေးပြီး လုပ်ရတဲ့ အခြေအနေတွေ ရှိနေဆဲပါ။

ပြင်ပမှာ ပတ်စ်ပို့လုပ်ခ ဈေးနှုန်းတွေဟာ ငွေကျပ် ၅ သိန်းကနေ ၈ သိန်း၊ ၉ သိန်းအထိ ရှိပြီး အွန်လိုင်း ရက်ချိန်းရယူမှုအတွက် ဝန်ဆောင်ခ ၅ သောင်းကနေ ၁ သိန်းခွဲအထိ အစားစား ရှိပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးကာ ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမို များပြားပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး ရွှေ့ပြောင်း အလုပ်လုပ်ကိုင် လာကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013