DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား CDM မီးရထားဝန်ထမ်းများကို စစ်ကောင်စီက လိုင်းခန်းမှ အဓမ္မဖယ်ရှား
DVB
·
June 5, 2023
မြစ်ကြီးနား CDM မီးရထားဝန်ထမ်းများကို စစ်ကောင်စီက လိုင်းခန်းမှ အဓမ္မဖယ်ရှား
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားဝင်းအတွင်းရှိ မီးရထားဝန်ထမ်း လိုင်းခန်းမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီက ကြေညာချက်ထုတ်ထားကြောင်း သိရပါတယ်။

CDM ပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေကို ဝန်ထမ်းလိုင်းခန်းကနေ ဇွန် ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားဖို့ ကြေညာချက် ထုတ်ပြန်ထားတဲ့အတွက် CDM ဝန်ထမ်းတွေအနေနဲ့ အခက်အခဲ ဖြစ်ပေါ်နေကြောင်း မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

မီးရထားဝန်ထမ်းတဦးက “ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ပေးရမယ်။ အစောကြီးကတည်းက လိုင်းခန်းကနေ တခြားပြောင်းသွားတဲ့လူတွေလည်း ရှိတယ်။ စီးပွားရေး အဆင်မပြေလို့ လိုင်းခန်းမှာ နေတဲ့သူတွေလည်း ရှိနေသေးတယ်။ ခုလက်ရှိ လိုင်းခန်း ၃၀ လောက်ကို ဖယ်ခိုင်းနေတာ။ စစ်ကောင်စီတပ်က အတင်းအကျပ် နှင်ထုတ်ဖို့ ကြေညာချက် ထုတ်ထားတယ်။ ဝန်ထမ်းတွေလည်း အတင်းအကျပ်ရွှေ့ခိုင်းတော့ အတော်လေးကို အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။

မြန်မာ့မီးရထားပိုင် မြေကွက်အတွင်းရှိ ကျူးကျော်အိမ်တွေကို ဖယ်ရှာပေးဖို့ ၂.၁၁.၂၀၂၂ ရက်နေ့မှာ နို့တစ်စာတွေ ဖြန့်ဝေပြီး ၁.၆.၂၀၂၃ ရက်နေ့မှာ နောက်ဆုံးအကြိမ် နို့တစ်စာ ဖြန့်ဝေပေးထားချက်နဲ့အညီ ၁၅.၆.၂၀၂၃ နေ့မှာ မဖယ်ရှားပေးပါက ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ အက်ဥပဒေနှင့် အနိုင်အထက်ပြု၍ ဖယ်ရှားနှင်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားတာပါ။

မြစ်ကြီးနားဘူတာမှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားလို့ ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရတဲ့ မီးရထားဝန်ထမ်း ၁၀၀ နီးပါး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013