DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီးတွင် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး အရက်ပျံသောက် 
DVB
·
June 3, 2023
ကန်တော်ကြီးတွင် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး အရက်ပျံသောက် 
Donate to DVB

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဥယျာဉ်၊ ပန်းကန်လုံးကျွန်းရှိ လူသွားစင်္ကြံလမ်းမှာ ဇွန် ၁ ရက်ညနေပိုင်း ၃ နာရီ မိနစ် ၂၀ လောက်က  ကိုယ်ဝန်သည် အမျိုးသမီးတဦး အရက်ပျံသောက်ခဲ့တာကို ကယ်ဆယ်ခဲ့ရတယ်လို့ ဒီဃာယုက လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

အဆိုပါအများသမီးဟာ 777 တံဆိပ် ၁၀၀ မီလီမီတာ အရက်ပျံဘူးကို သောက်သုံးထားတာကြောင့် မေ့လဲကျနေတာဖြစ်ပြီး ကန်တော်ကြီးစည်ပင်ဝန်ထမ်းက ကယ်ဆယ်ရေးအသင်းကို ဖုန်းဆက်အကူအညီတောင်းခဲ့တာပါ။ 

ဒီဃာယုကအသင်း တာဝန်ရှိသူတဦးက " အဲဒီက စည်ပင်ဝန်ထမ်းတွေက ဖုန်းလှမ်းဆက်လို့ပါ။ အရက်ပျံကို တဘူးလုံး သောက်ထားတာ။ အသက်က ၂၁ နှစ်။ သူ့ကိုယ်ဝန်က ဆရာဝန် ပြောတာတော့ ၇လနဲ့ ၈လလောက် ရှိပြီ ပြောတယ်၊ ‌ဂျပန်ဆေးရုံကြီးရောက်မှ သတိပြန်ရလာတယ် " လို့ ဆိုပါတယ်။ 

ကိုယ်ဝန် ၈ လခန့်နဲ့ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်ဟာ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၀ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၃ ဧပြီလ ကိုယ်ဝန် ၇ လ ခန့်ရှိချိန်မှာ အတူနေ အသက် ၃၀ ကျော်အရွယ် ခင်ပွန်းက သူ့ကို ပစ်ထားခဲ့တာဖြစ်ပါတယ်။ 

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သူငယ်ချင်းအမျိုးသမီးတဦးအိမ်မှာ ယာယီသွားရောက်နေထိုင်ခဲ့ပြီး ဇွန် ၁ ရက်က အမျိုးသားဖြစ်သူနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကို လာရောက်ရင်း အဲဒီ နေ့ခင်းပိုင်းမှာပဲ ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်း လူသွားစင်္ကြံမှာ အရက်ပျံ တဘူးလုံး သောက်ခဲ့ တာလို့ သိရပါတယ်။ 

လူနာအမျိုးသမီးကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်လမ်းထောင့်ရှိ ရန်ကုန် အထွေထွေရောဂါကုဆေးရုံအသစ်(ဂျပန်ဆေးရုံ)ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး အရက်ပျံ သောက်မိတဲ့အတွက် သန္ဓေသားရော၊ မိခင်ဖြစ်သူအမျိုးသမီးပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိခိုက်မှု မရှိတော့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013