DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် နေရာရရှိရေး အခက်အခဲဖြစ်နေ
DVB
·
May 31, 2023
မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် နေရာရရှိရေး အခက်အခဲဖြစ်နေ
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေစရာနေရာရရှိဖို့က အဓိကအခက်အခဲတခု ဖြစ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်း စာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ပြောထားပေမယ့် လက်ရှိမှာတော့ သတ်မှတ် လူဦးရေရဲ့ တစိတ်တပိုင်းလောက်အတွက်သာ ရရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသတွေအတွက် သိသာထင်ရှားတဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေပြီးတော့ လတ်တလောအချိန်အထိ ဘေးဒဏ်သင့် လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်ကူညီခွင့်လည်း အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းသင့်ပြည်သူ ၂၃၀,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအကူအညီတွေ ရရှိထားပေမယ့်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေကြောင့် အစားအစာ ဝယ်ယူနိုင်ဖို့ အခက်ကြုံနေကြရတဲ့အပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ သွင်းအားစုတွေ ဆုံးရှုံးခြင်းကလည်း ကြီးထွားလာတဲ့ ပြဿနာတရပ် ဖြစ်လာနေတာပါ။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏား ကျွန်း မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှု ၉၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ များစွာ ရှိခဲ့ပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများ ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013