DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား ဗလီတိုက်ခိုက်မှုတွင် လူ ၆၀၀ ခန့် ပြန်ပေးဆွဲခံရသည့် ရုပ်သံ ထွက်ပေါ်
DVB
·
August 25, 2026
Photo: SOCIAL MEDIA/via REUTERS
Photo: SOCIAL MEDIA/via REUTERS
Donate to DVB

လက်နက်ကိုင်အဖွဲ့တဖွဲ့က နိုင်ဂျီးရီးယားနိုင်ငံ မြောက်-အလယ်ပိုင်း နိုင်ဂျာပြည်နယ်က ဗလီတခုကို တိုက်ခိုက်မှုမှာ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အို အယောက် ၆၀၀ လောက် ပြန်ပေးဆွဲခဲ့တယ်ဆိုပြီး ဒေသခံတွေက ပြောခဲ့တဲ့ ဗီဒီယိုတခု အွန်လိုင်းပေါ် ရောက်လာပါတယ်။ 

သြဂုတ် ၂၃ ရက်မှာ Facebook နဲ့ WhatsApp လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ လက်နက်ကိုင်အမျိုးသားတွေ ဝန်းရံထားတဲ့ သစ်တောဧရိယာတခုမှာ လူအုပ်စုကြီးတခု ထိုင်နေတာကို ပြထားပါတယ်။ နောက်ခံမှာ ကလေးအတော်များများ ငိုကြွေးနေသံကို ကြားရပါတယ်။ 

ဒီဗီဒီယိုရဲ့ စစ်မှန်မှုကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။ ရဲနဲ့ ပြည်နယ်အာဏာပိုင်တွေက မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို မတုံ့ပြန်ပါဘူး။ 

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မြောက်-အလယ်ပိုင်း ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေဟာ ရွာတွေ၊ ကျောင်းတွေနဲ့ အဝေးပြေးလမ်းမကြီးတွေကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိပြီး ငွေညှစ်ဖို့ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲတာတွေ အဖြစ်များလာပါတယ်။

သေနတ်သမားတွေဟာ သောကြာနေ့ ဝတ်ပြုချိန်အတွင်း ဒေကာရာရွာက ဗလီထဲမှာ ဝတ်ပြုသူတွေကို တိုက်ခိုက်ခဲ့ပြီး ရပ်ကွက်အများအပြားမှာ လူတွေကို တပြိုင်နက်တည်း ဝင်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရဲတွေက အဲဒီဒေသမှာ ဝတ်ပြုသူတွေကို တိုက်ခိုက်မှုတခု လုပ်ခဲ့တာရှိတယ်လို့ အစောပိုင်းက အတည်ပြုခဲ့ပေမဲ့ ပြန်ပေးဆွဲခံရသူ အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဗီဒီယိုထဲမှာ သေနတ်သမားတယောက်က ဟော်ဆာ ဘာသာစကားနဲ့ သုံ့ပန်းတွေရဲ့ မိသားစုတွေကို မိန့်ခွန်းပြောပြီး ဗီဒီယိုထဲက လူတွေထဲမှာ ဆွေမျိုးတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ကင်မရာကနေ စကားပြောနေတဲ့ အမည်မသိလူက ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဒေကာရာ ရွာက ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒေကာရာရွာ တိုက်ခိုက်မှုဟာ သြဂုတ် ၂၁ ရက်နေ့မှာ ဖြစ်ခဲ့တာလို့ ဒေသခံတွေနဲ့ ရဲတွေက ပြောခဲ့ပေမဲ့ ပြန်ပေးဆွဲခံရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။ 

ရွာခံ ၂ ယေက်က ရိုက်တာသတင်းဌာနကို ဆက်သွယ်ပြီး ဗီဒီယိုမှာ သောကြာနေ့က ပြန်ပေးဆွဲခံရသူတွေကို ပြသထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013