DVB Logo
Home
မြန်မာသတင်း
ကရင်နီဆေးတပ်က အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၄ ဦး ရှေ့တန်းတွင် ကျဆုံး
DVB
·
May 29, 2023
ကရင်နီဆေးတပ်က အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၄ ဦး ရှေ့တန်းတွင် ကျဆုံး
1 / 2
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်ရဲ့တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ရင်းက ဆေးတပ်ဖွဲ့ဖြစ်တဲ့ Medit Unit (Demoso) အဖွဲ့ဝင် ရဲဘော် နှစ်ယောက်နဲ့ ရဲမေ ‌နှစ်ယောက်တို့ဟာ ရှေ့တန်းတနေရာမှာ ကျဆုံးသွားတယ်လို့ KRU အဖွဲ့က မေလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရဲဘော်တယောက်က “သူတို့က အားကိုးအားထားရတဲ့ ဆေးအဖွဲ့ပါ။ ရှေ့တန်းတွေထိ လိုက်ပြီး ဆေးကုပေးတယ်။ သူတို့ ကျသွားတာ တော်တော်နှမြောပြီး စိတ်မကောင်းဖြစ်ရတယ်”လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲဘော် ၂ ယောက်က ရဲဘော်မြထွေးနဲ့ ရဲဘော်ပေါ်စကိုတို့ ဖြစ်ပြီး ရဲမေ ၂ ယောက်ကတော့ ရဲမေ ခိုင်လေးနဲ့ ရဲမေအန်ဂျလာတို့ ဖြစ်ကာ ဈာပနကို မေ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။

တော်လှန်ရေးမှာ အရေးပါတဲ့ ဆေးကုသရေးကဏ္ဍကို လုပ်ဆောင်နေစဉ်မှာ တိုက်ပွဲတွေအတွင်း ဆေးတပ်ဖွဲ့ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရင်း အသက်ပေးခဲ့တယ်လို့ KRU အဖွဲ့က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013