Home
မြန်မာသတင်း
ဗန်းမောက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး
DVB
·
May 26, 2023

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ နောင်ကန်ကျေးရွာကို မေ ၂၅ ရက် ညဦးပိုင်းအချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက် သေဆုံးသွားတယ်လို့ Banmouk Revolution-BR အဖွဲ့က မေ ၂၆ ရက် ဒီနေ့မနက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။

“နောင်ကန်ရွာထဲကို မေလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်မှာ လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲချသွားတာ၊ နေအိမ် ခြောက်လုံးပျက်စီးပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသား တယောက်နဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး တယောက် ထိခိုက်သေဆုံးသွားတယ်” လို့ Banmouk Revolution-BR အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲခံရတဲ့ နောင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ တခြားဆီဖြစ်ပြီး တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းဓာတ်ပုံတွေ မရရှိသေးတဲ့အတွက် ဓာတ်ပုံတွေရရင် ထပ်မံပေးပို့ ထုတ်ပြန်ပေးသွားမယ်လို့ BR အဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024