DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနာပိုင်  ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူ
DVB
·
May 26, 2023
နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနာပိုင်  ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူ
Donate to DVB

မန္တလေးမြို့ တောင်ပြင်ဗန်းမော်တိုက်မှာ သီတင်းသုံးတော်မူတဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးဟာ မေ ၂၅ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်မှာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ဟာ မတ် ၂၅ ရက်မှာ အသည်း၊ လည်ချောင်းနဲ့ ပန်ကရိယတို့ကို စစ်ဆေးကုသဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆေးရုံကြီးသို့ ကြွရောက်ခဲ့ပြီး ဧပြီနောက်ဆုံးပတ်မှာ မြန်မာနိုင်ငံသို့ ပြန်ကြွလာခဲ့ပါတယ်။

မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှာဆက်လက် တက်ရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူပြီးနောက် ဧပြီ ၃၀ မှာတော့ သီတင်းသုံးရာ ဗန်းမော်ကျောင်းတိုက်ကို ပြန်လည် ကြွရောက်ခဲ့တာပါ။

မန္တလေးဒေသခံ ပရိဟိတအသင်းတစ်ခုက တာဝန်ရှိသူ တဦးက "မနေ့က ၁၁ နာရီကျော်မှာပါ။ နိုင်ငံတော်ဆရာတော်ဆိုတော့ နိုင်ငံတော်အဆင့် လုပ်ကြမှာပါ။ အဲဒီအတွက် ပရဟိတအဖွဲ့တွေကို အစည်းအဝေးခေါ်ထားပါတယ်။ အဲဒါတွေပြီးမှ အစီအစဥ်တွေကို သိရမှာပါ"  လို့ ပြောပါတယ်။

သိက္ခာတော် ၇၄ ဝါ၊  သက်တော် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးဟာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ဒုတိယ ပါမောက္ခချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ "သိရောမဏိ"ဘွဲ့ကို မြန်မာနိုင်ငံမှာ တဦးတည်း ရရှိထားသူဖြစ်ပါတယ်။

ဆရာတော်ဘုရားဟာ ၁၉၉၂-ခုနှစ်မှာ အဂ္ဂမဟာဂန္တဝါစကာ ပဏ္ဍိတဘွဲ့၊ ၁၉၉၉-ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ ၂၀၀၃-ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဒီလစ် ဘွဲ့၊ ၂၀၀၅-ခုနှစ်မှာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၂၀၀၉-ခုနှစ်မှာ  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့နဲ့ ၂၀၁၀-ခုနှစ်မှာ အဘိဓဇမဟာရဌဂုရုဘွဲ့ရရှိခဲ့ပြီး ပါဋ္ဌိဘာသာသို့ ပြန်ဆိုခြင်း ပါဠိ-မြန်မာ အဘိဓာန် ရေးသားခြင်းအပါအဝင် ကျမ်းပေါင်းများစွာကို ရေးသားပြုစုခဲ့သူ ဖြစ်ပါတယ်။ 

ဆရာတော်ပျံလွန်တော်မူခြင်းအတွက်  သာသနာအတွက် တအား လျှော့သွားသလိုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ အထူးဝမ်းနည်းကြေကွဲနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013