DVB Logo
Home
မြန်မာသတင်း
၆ ရက်ကြာ ဗန်း‌မောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအဆုံးများပြား
DVB
·
May 25, 2023
၆ ရက်ကြာ ဗန်း‌မောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအဆုံးများပြား
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ မေ ၂၀ ရက်ကနေ စတင်ကာ ၂၅ ရက်နေ့ထိ ရက်သတ္တပတ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး လေကြောင်းပစ်ကူနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

“၆ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ကြောင်လည်ရွာအနီး တိုက်ပွဲတွေထဲမှာ ၂၄ ရက်နေ့ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က အကျအဆုံး များစွာနဲ့ ကြောင်လည်ရွာမှာ တပ်စွဲထားရာကနေ ပြန်ဆုတ်ခွာသွားရကြောင်း မြေပြင်သတင်းပို့ချက်အရ သိရတယ်” လို့ Banmouk Revolution-BR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းက‌နေ အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ကြားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြံ့ကြံ့ခံပြီး ထိုးစစ်ဆင်ခဲ့ရာ ဒီနေ့‌ မေ ၂၅ ရက်မှာ ကြောင်လည်ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သိမ်းပိုက်ရာမှာ အင်းတော်ဘက်ကနေ စကစ စစ်တပ် စစ်ကူတွေ ဗန်းမောက်ဘက် မလာနိုင်အောင် ဟန့်တားတိုက်ခိုက်နိုင်တဲ့ မော်တိတ်-ရွာသာရွာ တိုက်ပွဲကလည်း အဓိကကျတဲ့တိုက်ပွဲဖြစ်တယ်လို့ မြေပြင်ကင်းထောက် သတင်းပေးပို့ချက်အရ သိရတယ်လို့ BR အဖွဲ့က ဆိုပါတယ်။

တိုက်ပွဲဝင် PDF ရဲဘော် ၁ ဦးက “စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူ ၁ ယောက် သေဆုံးပြီး အလောင်းကို ဆွဲထုတ်ကြတဲ့ အကြမ်းဖက်စစ်‌ကောင်စီတပ်သားတွေ အယောက် ၂၀ နီးပါး ပစ်ကွင်းထဲမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။

ကြောင်လည်ရွာကနေ ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ကြောင်လည်ရွာအနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတယ်လို့ ဒေသခံတွေ သတင်းပေးပို့ချက်အရ သိရတယ်လို့ BR အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013