DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ကျောင်းအပ်နှံမှု ယခင်နှစ်‌ထက်‌ ပိုများလာ
DVB
·
May 23, 2023
နေပြည်တော်တွင် ကျောင်းအပ်နှံမှု ယခင်နှစ်‌ထက်‌ ပိုများလာ
Donate to DVB

မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံမှု‌တွေ စတင်‌နေပြီဖြစ်ပြီး နေပြည်တော်မှာတော့ အရင်နှစ်‌တွေထက်‌ ကျောင်းအပ်နှံမှု ပိုမြင့်လာတယ်လို့ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံမှုကို မေ ၂၃ ရက် ဒီနေ့မနက်မှာ စတင်ခဲ့တာပါ။ ကျောင်းအပ်နှံမှု စတင်တဲ့နေ့မှာပဲ နေပြည်တော်အတွင်း ကျောင်းလာအပ်သူ အရေအတွက်ဟာ အရင်နှစ်တွေထက် ပိုများလာတယ်လို့ အခြေခံပညာဝန်ထမ်းတဦးက ပြောပါတယ်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်က အခြေခံပညာ ဆရာတဦးက “ဒီနှစ်က အရင်နှစ်တွေက မတက်ဖြစ်တဲ့သူတွေလည်း ပြန်အပ်လာတာတွေ ရှိတယ်။ ဒီနှစ်မှ စတက်တဲ့သူတွေလည်း ရှိတယ်။ အရင် ၂ နှစ်ကထက်တော့ ပိုများလာတယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

အခုနှစ်အတွက် ကျောင်းအပ်နှံမှုကို မေ ၂၃ ရက်ကနေ မေလကုန်အထိ ကျောင်းအပ် လက်ခံသွားမှာဖြစ်ပြီး ဇွန်လ ၁ ရက်ကစတင်ကာ ကျောင်းတက်ရမှာ ဖြစ်ပါတယ်။

ကျောင်းလာရောက်အပ်နှံတဲ့ အခြေခံပညာ ကျောင်းသား ကျောင်းသူတွေကို ဗလာစာအုပ်၊ ဖတ်စာအုပ်တွေနဲ့ မူလတန်းကျောင်းသား ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ ကျောင်းသူကျောင်းသားတွေကတော့ စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ဘဲ ဆက်လက်သပိတ်မှောက်နေကြတာရှိသလို   အန်ယူဂျီအစိုးရက ဖွင့်လှစ်တဲ့ ကြားကာလပညာသင် ကျောင်းတွေနဲ့ ပြင်ပက ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေလည်း သန်းနဲ့ချီရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013