DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ ရထားလှည့်ပွဲတော်တွင် လူအုပ်ပိပြီး လူ ၁ ဦး သေဆုံး၊ ၁၀၀ ခန့် ဒဏ်ရာရ
DVB
·
July 17, 2026
Photo: ANI
Photo: ANI
Donate to DVB

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပူရီမြို့မှာ ဇူလိုင် ၁၆ ရက်က နာမည်ကြီး 'ရာ့သ်ယာထရာ’ ရထားလှည့်လည်ပွဲတော်မှာ လူအုပ်ပိပြီး အနည်းဆုံး လူတယောက် သေဆုံးကာ ၁၀၀ နီးပါး ဆေးရုံတင်လိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပွဲတော်အတွင်း လူအုပ်ထဲ ပိတ်မိပြီး အသက်ရှူကျပ်ကာ နေမကောင်းဖြစ်လာတဲ့သူတွေကို မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက လူနာတင်ကားတွေ၊ ထမ်းစင်တွေနဲ့ ယာယီဆေးရုံကို အမြန်ဆုံး ကယ်ထုတ်ပေးခဲ့ရပါတယ်။

အခုအချိန်ထိ လူ ၁၀၀ နီးပါးကို ကယ်ထုတ်ပေးထားပြီးပြီလို့ ရဲ၊ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အူမာရှန်ကာ ဒက်ရှ်က ပြောပါတယ်။

သူတို့ကို လူနာတင်ကားတွေနဲ့ ယာယီဆေးရုံဆီ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့လို့ ဘုရားဖူးတွေအတွက် အများကြီး စိတ်သက်သာရာရစေခဲ့တယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ဟာ ဂျာဂန်နသ်နတ်ဘုရား၊ အစ်ကိုဖြစ်သူ ဗာလာဘာဒရာနဲ့ ညီမဖြစ်သူ ဆူဘာဒရာ နတ်ဘုရား ၃ ပါးကို အလှဆင်ထားတဲ့ ရထားလုံးတွေနဲ့ ပူရီဂျာဂန်နသ် ပင်မကျောင်းတော်ကနေ ၂ ကီလိုမီတာ အကွာမှာရှိတဲ့ အဒေါ်ဖြစ်သူ ဂန်ဒီချာ နတ်သမီးရဲ့ ကျောင်းတော်ဆီ ပင့်ဆောင်တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ဖြစ်ပါတယ်။

ဒီရိုးရာပွဲတော်ကို ပါဝင်ဆင်နွှဲဖို့အတွက် ကမ္ဘာတဝန်းက ဘုရားဖူးခရီးသည်ပေါင်း ၁ သန်းကျော် လာရောက်လေ့ရှိကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013