DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းဘေးသင့် မြန်မာပြည်သူများကို အကူအညီပေးရန် ထိုင်းရွေးကောက်ပွဲအနိုင်ရ MFP ပါတီခေါင်းဆောင် တောင်းဆို
DVB
·
May 22, 2023
မိုခါမုန်တိုင်းဘေးသင့် မြန်မာပြည်သူများကို အကူအညီပေးရန် ထိုင်းရွေးကောက်ပွဲအနိုင်ရ MFP ပါတီခေါင်းဆောင် တောင်းဆို
Donate to DVB

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို ရွေးကောက်ပွဲအနိုင်ရ  Move Forward ပါတီခေါင်းဆောင် ဖိထားလိုမ့်ကျရွန်းရတ်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၁၄ ရက်က အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်သွားမှုကြောင့် ရခိုင်ပြည်နယ်အပါဝင် နိုင်ငံတဝန်းမှာ လူပေါင်းရာနဲ့ချီသေဆုံးပြီး နေအိမ် အဆောက်အဦတွေ သိန်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့စိတ်အာရုံနဲ့အတူ မေတ္တာပို့ ဆုမွန်ကောင်းတောင်းပါတယ်လို့ ထိုင်းဝန်ကြီးချုပ်လောင်း  ဖိထားလိုမ့်ကျရွန်းရတ်က သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

“မုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည်တွေကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။  ဒါဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်တယ်လို့လည်း  Move Forward Party ပါတီခေါင်းဆောင်က ပြောပါတယ်။

“ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။”

မိုခါမုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေကို C-130H လေယာဉ်ကြီးနဲ့  ပေးပို့ဖို့ ထိုင်းဘုရင့် လေတပ်က စီစဉ်နေပါတယ်။ 

Photo Crdit-MFP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013