DVB Logo
Home
မြန်မာသတင်း
ကံသစ်ရွာကို စစ်တပ်ကမီးရှို့၊ တန်ဆည်စစ်ရှောင်များ အမိုးအကာ၊ ဆေးဝါးနှင့်ရိက္ခာ လိုအပ်နေ
DVB
·
May 20, 2023
ကံသစ်ရွာကို စစ်တပ်ကမီးရှို့၊ တန်ဆည်စစ်ရှောင်များ အမိုးအကာ၊ ဆေးဝါးနှင့်ရိက္ခာ လိုအပ်နေ
Donate to DVB

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာကို ရွှေဘိုဘက်မှလာသော အင်အား ၁၀၀ ပါစစ်ကြောင်းက မေ ၁၉ ရက် ညနေပိုင်းမှာ လက်နက်ကြီး/ငယ်တွေနဲ့  ပစ်ခတ်ဝင်ရောက်ပြီး နေရာ ၅ ခုခွဲပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါသည်။

အဲဒါကြောင့် အနီးနားရှိ  ​နှောကုန်း၊ မောက်ပြည့်၊ ဂွေးကုန်း၊ ကံသစ်နဲ့ မြစ်တော် စတဲ့ရွာတွေက ဒေသခံ ၁၈၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ကံသစ်ရွာကို အိမ်ခြေ ဘယ်လောက် ရှို့ခံ ရတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကံသစ်ကျေးရွာဟာ ခင်ဦး-ရေဦးလမ်းဘေးတွင်ရှိပြီး ခင်ဦးနဲ့ ၁ မိုင်ခွဲလောက်သာ ဝေးကာ သုံးကြိမ် ထက် မနည်း မီးရှို့ ခံထားရတဲ့ရွာဖြစ်တယ်လို့ ကံသစ်ကျေးရွာသား တဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ၇၅ ရွာမှ အိမ်ခြေ ၅၀၀၀ ဝန်းကျင် မီးရှို့ခံထားရပြီး ဒေသခံ နှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရ ပါတယ်။

တန်ဆည်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို TCRF တပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ပူးပေါင်းပြီး မေ ၁၈ ရက်က ကျန်းမာရေးစောက်ရှောက်မှုပေးခဲ့တယ်လို့ TCRF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်ဟာ ဒေသတွင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေနဲ့ နယ်မြေနီးကပ်နေပြီး နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတဲ့ အတွက် လုံခြုံတဲ့ နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်လာရင်း နှစ်ချီအောင် ကြာမြှင့်လာခဲ့တာဖြစ်ပါတယ်။

“ဆေးဝါး ၊ ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတာပါ။ အခုထိလည်း စစ်ဘေးရှောင်စခန်းရယ်လို့ ခိုင်ခိုင်မာမာ မတည်ဆောက်ထားပေးနိုင်သေးဘူးဗျ။ ကျနော်တို့လည်း နိုင်တဲ့ဘက်က ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်” လို့ TCRF တပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီကိုပြောပါတယ်။

အဲဒီ စစ်ရှောင်တွေထဲမှာ ရာသီတုပ်ကွေးရောဂါကို အများဆုံးတွေ့ရပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013