DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အထည်အလိပ်လုပ်ငန်း အဆောက်အဦ မီးလောင်
DVB
·
May 19, 2023
မန္တလေးတွင် အထည်အလိပ်လုပ်ငန်း အဆောက်အဦ မီးလောင်
Donate to DVB

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ အကွက် ၁၈၉၊ ၈၇ လမ်းနဲ့ ၂၃×၂၄ လမ်းကြားရှိ အဆောက်အဦမှာ မေ ၁၉ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးဗဟိုမီးသတ်ဌာနက ပြောပါတယ်။

မနက်အစောပိုင်း ၂ နာရီခွဲလောက်က မီးလောင်မှုသတင်းရရှိခဲ့တာကြောင့် အောင်မြေသာစံမြို့နယ်မီးသတ်၊ သီရိမာလာ (အရှေ့၊ အနောက်) မီးသတ်၊ သက်ဆိုင်ရာ မီးသတ်ယာဉ်တွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာပါ။

မြို့ခံကယ်ဆယ်ရေးအသင်း ယာဉ်တာဝန်ခံက “ဘုရားကျောင်းနားက အထည်လုပ်ငန်းလုပ်တဲ့ အိမ်ပါ။ အတွင်းပိုင်း တထပ်လုံး ပစ္စည်းတွေရော၊ အခန်းရော လောင်သွားတယ်။ ဝါယာရှော့ဖြစ်ပြီး လောင်သွားတာ၊ လူထိခိုက်မှု မရှိပါဘူး” လို့ ဆိုပါတယ်။

အဆိုပါ အဆောက်အဦဟာ ၁ ထပ် အုတ်တိုက်အမျိုးအစားဖြစ်ကာ အထည်လုပ်ငန်း ဖွင့်လှစ်ထားတယ်လို့ သိရပြီး အခန်းအတွင်း သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးတွေကနေ အပူလွန်ကဲကာ မီးစလောင်ခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုကြောင့် အထည်တွေ၊ ဆိုင်သုံးပစ္စည်းတွေနဲ့ အိမ်တခုလုံး ပျက်စီးဆုံးရှုံးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

မီးလောင်တဲ့နေရာကို မြို့နယ်အရန်မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ကယ်ဆယ်ရေးအသင်းတွေက ငြှိမ်းသတ်ပေးခဲ့တာကြောင့် မနက် ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ပျက်စီးဆုံရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပြီး မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ လုပ်ငန်းပိုင်ရှင်ကို အောင်မြေသာစံမြို့နယ်ရဲစခန်းမှာ သက်ဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013