DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် တိမ်ညိုစစ်ဘေးရှောင်စခန်းတခုလုံး ပျက်စီး
DVB
·
May 16, 2023
မိုခါမုန်တိုင်းကြောင့် တိမ်ညိုစစ်ဘေးရှောင်စခန်းတခုလုံး ပျက်စီး
Donate to DVB

အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညိုဒုက္ခသည်စခန်းတခုလုံး ပျက်စီးသွားပြီး ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူထံက သိရပါတယ်။

မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက် တိုက်ခတ်လို့ တိမ်ညို စစ်ဘေးရှောင်စခန်းမှာ အိမ်‌ပေါင်း ၇၇၃ လုံးရှိတာ အကုန်လုံးပျက်စီးသွားတာဖြစ်ပါတယ်။

စခန်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကျော်မြင့်က “ပျက်စီးသွားတယ်ဆိုတာ လူနေလို့တောင်မရဘူး။ အသက်အန္တရာယ် မရှိတာပဲ ကျန်တယ်။ အကုန်လုံးပျက်စီးသွားတယ်။ မြေကြီးထဲကိုဝင်သွားတာ။ လူတွေ နေစရာမရှိတော့ အခုက အကုန်လုံး ဒုက္ခဖြစ်နေကြတယ်”လို့ ပြောပါတယ်။

မိုခါမုန်တိုင်းမဝင်ခင် လူတွေကိုရှောင်ခိုင်းထားတဲ့အတွက် ထိခိုက်သေဆုံးတာတွေမရှိပေမဲ့ နေအိမ်တွေကတော့ နေလို့မရတော့တဲအထိ ပျက်စီးသွားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဒုက္ခသည် ၃၀၀၀ နီးပါးအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေသလို နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့လည်းအကူအညီတွေလိုအပ်နေတယ်လို့  ဦးကျော်မြင့်က ပြောပါတယ်။

“အိမ်တွေကတော့ အကုန်လုံး တခုမှမကျန်တော့ဘူး။ နေစရာ တခုမှ မကျန်တော့ဘူး။ နေစရာမရှိတာထက်စားစရာမရှိ အကုန်လုံးဒုက္ခသည်တွေ့နေတယ်။ စားစရာမရှိ သောက်သုံးရေမရတာ။ နောက်တရက်စာတောင်မရှိဘူး ကျနော်တို့လည်း ဘယ်လိုစီစဉ်ရမလဲဆိုတော တွေ့ပြီးတိုင်ပင်နေကြတာ။ ကျနော်တို့စစ်ရှောင်စခန်းမှာ ဒုက္ခသည်က အများကြီးဆိုတော့အဆက်အသွယ်လည်းမရှိသေးဘူး။ ကျနော်တို့အပျက်အစီးတွေကို လိုင်းပေါ်တော့ တင်ထားတယ်။ အလှူရှင်ကလည်းမရောက်သေးဘူး။ အဲဒါ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ တိုင်ပင်နေကြတာပဲရှိသေးတယ်။”

လတ်တလောက်မှာတော့ စစ်ရှောင်တွေဟာ စခန်းတွင်းက မူလတန်းကျောင်း၊ ရိက္ခာရုံအပြင် တိမ်ညိုကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

တိမ်ညို စစ်ဘေးရှောင်စခန်းဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေ ခိုလှုံနေထိုင်နိုင်ဖို့  ၂၀၁၉ ခုမေလမှာ စတင် တည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအထိမှာတော့ အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေပေါင်း ၇၇၃ လုံးနဲ့ လူဦးရေ ၂၈၆၂ ဦး ခိုလုံနေထိုင်ပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊  ကျောက်တော်၊ ပေါက်တော စတဲ့ မြို့နယ်တွေမှာ မုန်တိုင်းဒဏ်ခံစားနေရပြီး စစ်တွေမှာ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013