DVB Logo
Home
မြန်မာသတင်း
နဘုလယ်ဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုး၊ စစ်တပ်ပစ္စည်းမပို့ပေးသဖြင့် ပလ ကားသမား တဦး ဖမ်းဆီးခံရ
DVB
·
May 16, 2023
နဘုလယ်ဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုး၊ စစ်တပ်ပစ္စည်းမပို့ပေးသဖြင့် ပလ ကားသမား တဦး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသကို စစ်ကောင်စီက မေ ၁၄ ရက်က လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် မေ ၁၅ ရက်မှာလည်း လေကြောင်း နဲ့ကင်းထောက်ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးနေတာကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာမှာပါဝင်တဲ့ ကျေးရွာတွေက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မူးဒူးရွာ၊ ထိန်ကြီး၊ ပရဒတ်၊ ဘဝါ၊ လဲရှောင်၊ ဧကနိ၊ ဝဇွမ်းတော၊ ဝက်ချောင်း၊ ခမောင်းချောင်းနဲ့ ပုဂေါဇွန်းရွာတွေက ပြည်သူတွေတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"ရွာသားတွေက မလုံခြုံတော့ဘူး ထွက်ပြေးနေရတယ်ေ မနေ့က (မေလ ၁၅ ) ပြေးနေရင်းနဲ့ ကျနော်တို့ ရွာဘက်မှာဆို ဟယ်လီကော်ပတာတစီး နိမ့်နိမ့်လေး နဲ့ ဖြည်းဖြည်းလေး လာပျံနေတာ မြင်လိုက်ရတယ်" လို့ ဝဇွမ်းတောရွာသားတဦးက ပြောပါတယ်။

မေ ၁၅ ရက် မနက် ၁၀ နာရီလောက်မှာ ဟယ်လီကော်ပတာတစီး နဲ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာတစီး ရေနက်ဆိပ်ကမ်းဇုန်ဧရိယာ ကျေးရွာတွေအပေါ်မှာ ပျံဝဲနေတယ်လို့ တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

လောင်းလုံမြို့နယ် ပန်းတက်အင်းကျေးရွာဘက်ကနေလည်း စစ်ကောင်စီတပ်တွေ နဘုလယ်ဒေသ ကို မြေပြင်စစ်ကြောင်းဝင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၃ ရက်ညကတည်းက ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေက ရွာသားအချို့ကို ဖမ်းထားတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နဘုလယ်ဒေသခံတဦးက ပြောပါတယ်။

"ထွက်ပြေးရင်း ရှောင်ရင်းနဲ့ အဆက်သွယ်မရတော့တဲ့လူတွေလည်းရှိတယ်။ ပရဒတ်ရွာမှာတော့ ရွာသားတချို့ အဖမ်းခံရတယ်လို့ ကြားတယ်။ ဘယ်သူတွေမှန်းတော့ မသိရသေးဘူး။" 

မေလ  ၇ ရက်နဲ့ ၈ ရက်ကလည်း ဝက်ချောင်းရွာဘက်ကနေ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့တာကြောင့်  ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး ကယ်ထုတ်ခဲ့ရပါတယ်။

မေလဆန်းပိုင်းကစပြီး ရေဖြူအနောက်ဘက်ကမ်းကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၄ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေပါ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် စစ်ကြောင်းထိုးခံရစဉ်ကလည်း ရေဖြူမြို့နယ် အနောက်ဘက်ကမ်းကျေးရွာတွေက ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်းခဲ့ရပြီး ဒေသခံ ၃ ဦး အသတ်ခံရကာ ကလေးငယ်တဦး နဲ့ အသက် ၅၀ အရွယ်အမျိုးသားတဦးလည်း ဆေးကုသခွင့်ဆုံးရှုံးပြီး သေဆုံးခဲ့ရတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က ကားသမား ဦးဌေးလွင်အား စစ်ကောင်စီက ပစ္စည်းမပို့ပေးတာကြောင့် မေ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က အမြဲတမ်း ပလမြို့ပေါ်မှာ ဈေးလာဝယ်တာ။ အဲဒီနေ့မှာ စစ်ဗိုလ်ပါပါတယ်။ ဦးဌေးလွင်အား ပစ္စည်းပို့ခိုင်းတယ်။ ဦးဌေးလွင်က မိုင်းဆွဲခံထိမှာ ကြောက်လို့ မပို့ရဲဘူးလို့ ပြောလိုက်တာ စစ်တပ်က ဖမ်းသွားတယ်” လို့ ပလမြို့ခံတဦးက ပြောပါတယ်။

ဒေသခံနောက်တဦးက “ဦးဌေးလွင်က တိုရွာသားပါ။ ဒီဇင်ဘာ ၃၀ ရက်နေ့က တိုရွာမှာ စစ်တပ်က မီးရှို့တယ်။ အဲဒီမီးရှို့ခံထိတဲ့အထဲမှာ ဦးဌေးလွင်အိမ်ပါတယ်။ ဦးဌေးလွင်က တိုရွာမှာနေမရတော့ ပလဘုန်းကြီးကျောင်းမှာနေပြီး ကားဆွဲနေတာပါ” လို့ ပြောပါတယ်။

အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ကျော်လောက်က ဦးဌေးလွင်အား ပလမြို့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ပုလော ၂၈၅တပ်ရင်းမှာ ထိန်းသိမ်းထားပြီး အခုချိန်ထိ မိသားစုနဲ့ ဆက်သွယ်ခွင့်မရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013