DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့မှ ပြည်သူ ၁,၀၀၀ ကျော် မြောင်းမြမြို့ပေါ်သို့ မုန်တိုင်းဘေးရှောင်
DVB
·
May 11, 2023
လပွတ္တာမြို့မှ ပြည်သူ ၁,၀၀၀ ကျော် မြောင်းမြမြို့ပေါ်သို့ မုန်တိုင်းဘေးရှောင်
1 / 4
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ပေါ်ကို ပြည်သူ ၁,၀၀၀ ကျော် မုန်တိုင်းဘေးကနေ လာရောက်တိမ်းရှောင်နေကြပါတယ်။

လပွတ္တာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ မြောင်းမြမြို့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းရှောင် ခိုလှုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “လပွတ္တာမြို့နယ်ထဲက ရွာတွေက မြောင်းမြမြို့ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ မုန်တိုင်းရှောင်ဖို့ နေကြတယ်။ မုန်တိုင်းရှောင်အဖွဲ့တွေက ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက ရောက်နေကြတာ။ တရက်ထက်တရက် ပိုပိုတိုးလာတယ်” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာပါဝင်တဲ့ အောင်လှိုင်၊ ဘီတွတ်၊ သစ်ပုတ်၊ ပြင်စလူ‌၊ ‌လေယာဉ်ကွင်း၊ စစ်ကွဲ စတဲ့ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ ဘာသာရေး အဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းလာရောက် ရှောင်တိမ်းနေကြတာပါ။

မုန်တိုင်းရှောင်ပြည်သူတွေကို ကူညီပေးနေသူ ဒေသခံတဦးက “လပွတ္တာမြို့နယ် ကျေးရွာတွေက မုန်တိုင်းရှောင်တွေ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ၊ တန်ဆောင်းတွေမှာ နေကြတယ်။ အခုလက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်းတွေကလည်း မုန်တိုင်းရှောင်ပြည်သူတွေကို ထမင်းကျွေးတာရှိတယ်။ တချို့ကျောင်းတွေမှာကြတော့လည်း မုန်တိုင်းရှောင်ပြည်သူတွေ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်တာရှိတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ထမင်းဟင်း ဝိုင်းဝန်းပံ့ပိုးပေးတာရှိတယ်” လို့ ပြောပါတယ်။

မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုတွေလုပ်တာ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ ဦးဆောင်ပြီး လောကီအစီအရင်တွေလုပ်တာ၊ ပင်လယ်ပြင်မှာ နဂါးစာကျွေးတာတွေ ပြုလုပ်နေတာကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ်နဲ့ လပွတ္တာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းကြောင့် ပြည်သူ တသိန်းကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013