DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ အကူအညီပေးရေး ယာဉ်တန်းတိုက်ခိုက်ခံရမှု အာဆီယံ ခေါင်းဆောင်များ ရှုတ်ချ
DVB
·
May 10, 2023
ဆီဆိုင်မြို့နယ်၌ အကူအညီပေးရေး ယာဉ်တန်းတိုက်ခိုက်ခံရမှု အာဆီယံ ခေါင်းဆောင်များ ရှုတ်ချ
1 / 3
Donate to DVB

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှာ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ(AHA) နဲ့ မြန်မာနိုင်ငံရှိ အာဆီယံစောင့်ကြည့်အဖွဲ့ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ ဒီတိုက်ခိုက်မှုအတွက် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့  အာဆီယံ ခေါင်းဆောင်တွေက မေလ ၁၀ ရက် ဒီကနေ့ ကြေညာပါတယ်။

အင်ဒိုနီရှားနိုင်ငံမှာ ဒီကနေ့ အာဆီယံဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေး တက်ရောက်နေချိန်မှာ ဒီကြေညာချက် ထွက်လာတာဖြစ်ပါတယ်။   

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေတွေကို အလွန်အမင်းစိုးရိမ်ကြောင်း၊ အကြမ်းဖက်မှုပုံစံအားလုံးနဲ့ အင်အားအသုံးပြုမှု ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာ မှုအကူအညီတွေ အချိန်မီ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်ရေး အထောက်အပံ့ဖြစ်စေတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ 

ဆီဆိုင်မြို့နယ်မှာ အာဆီယံသံတမန်တွေလိုက်ပါလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မေလ ၈ ရက်နေ့မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သမ္မတထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ထောက်ခံအားပေးတယ်လို့လည်း အာဆီယံခေါင်းဆောင်တွေက ကြေညာထား ပါတယ်။

ဒါ့အပြင်  မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုရရေး အားပေးဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ဖြစ်ဖို့ အပါအဝင် အာဆီယံ ဥက္ကဋ္ဌရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးတယ်လို့လည်း ဆိုပါတယ်။

Photo-DSINFO

မေ ၇ ရက်မနက်က   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာရှိ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ဖို့ တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ သွားရောက်တဲ့ မော်တော်ယာဉ်တန်းဟာ ဆီဆိုင်မြို့နယ်၊ နန့်အောရွာရဲ့ မြောက်ဘက်မီတာ ၂၀၀ ခန့် အကွာမှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာပါ။

ဒီယာဉ်တန်းမှာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ  AHA Centre မှကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနဲ့  စင်ကာပူနိုင်ငံသံရုံးတွေက ကိုယ်စား လှယ်တွေ လိုက်ပါလာတာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မော်တော်ယာဉ်တစ်စီးမှာ လက်နက်ငယ်ကျည်တချို့ထိမှန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲနေကြတာရှိပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့ လက်ချက်လို့ ဝန်ခံတာ မရှိသေးပါဘူး။

Photo-ASEAN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013