
နည်းပြအာနယ်ဆလော့ရဲ့ လီဗာပူးအသင်းဟာ အရင်လို ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်းမရှိတော့ဘဲ အန်ဖီးလ်ကွင်းကို ကစားရအလွယ်ဆုံးနေရာတခုအဖြစ် ပြောင်းလဲပစ်လိုက်ပြီလို့ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
နည်းပြကလော့ပ် လက်ထက်ကလို ပြိုင်ဘက်ကို အတင်းလိုက်ဖိပြီး ကစားတာမျိုး မဟုတ်တော့ဘဲ ဘောလုံးပိုင်ဆိုင်မှုယူပြီး လှလှပပကစားဖို့ပဲ ကြိုးစားနေတာက လီဗာပူးနဲ့ မကိုက်ညီဘူးလို့ သူက ထောက်ပြခဲ့တာပါ။
ဖလော်ရီယန်ဝက်ဇ်လို ကစားသမားမျိုးက အရမ်းတော်ပေမဲ့ သူ့ကြောင့် အသင်းဟာ ဘောလုံးကိုင်ကစားတဲ့အသင်း ဖြစ်သွားပြီး ပြိုင်ဘက်ကို တားဆီးချင်တဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးကုန်ပြီလို့ စခိုးလ်က ဆိုပါတယ်။
အရင်က အန်ဖီးလ်သွားကစားရင် ဖိအားတွေကြားမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပေမဲ့ အခုတော့ လီဗာပူးဟာ အရင်လို ကြောက်စရာမကောင်းတော့ဘူးလို့ စခိုးလ်က သုံးသပ်သွားပါတယ်။










