DVB Logo
Home
မြန်မာသတင်း
အဆိုတော်လင်းလင်း ရိုက်ကူးသည့် ဂီတရုပ်ရှင်-The Way နိုင်ငံတကာရုပ်ရှင်ဆု ၃ ဆု ထပ်မံရရှိ
DVB
·
May 7, 2023
အဆိုတော်လင်းလင်း ရိုက်ကူးသည့် ဂီတရုပ်ရှင်-The Way  နိုင်ငံတကာရုပ်ရှင်ဆု ၃ ဆု ထပ်မံရရှိ
Donate to DVB

အဆိုတော်လင်းလင်း ရိုက်ကူးတဲ့ ဂီတရုပ်ရှင်-The Way  ဟာ Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical/Dance Film) ဆုအပါအဝင် ဆု ၃ ဆု ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး မျက်နှာစာ​ပေါ် ဘာမှ မလှုပ်ရှားရ​သေးတဲ့ Musical Film အနေနဲ့ ရိုက် ကူးထားတဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes World Film Festival မှာလည်း “Best Mobile Feature Film Award” ရရှိခဲ့တာ ဖြစ်ကာ ပြည်သူ့ အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်ကတော့ “Best Educational Film Award” ဆု ရရှိထားခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် ချစ်သုဝေက “ကိုလင်းရဲ့ တကယ့် field ဖြစ်တဲ့ musical နဲ့မို့ အရမ်း​ပျော်သလို သူ ပထမဆုံး feature​ လေးမို့ အမှတ်တရ ဖြစ်ရတာမို့ပါ🤍🕊ဒီ​နေ့​တော့ ​ပျော်ခွင့် ကြွားခွင့်​ပေး… ဆု​သေး​သေးဖြစ်ဖြစ် ကြီးကြီး ဖြစ်ဖြစ်🤣Our Team is on Cloud nine🎉🎉🎉” လို့ ပြောပါတယ်။

Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကတော့ ကမ္ဘာတဝန်းက အင်ဒီရုပ်ရှင်ရိုက်ကူးသူ တွေကို မြှင့်တင်ပေးနိုင်ဖို့နဲ့ ကျားမတန်းတူညီမျှမှုရရှိရေးတို့အတွက် လစဉ်ပြိုင်ပွဲတွေ ပြု လုပ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင် တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၂ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းနဲ့သာ ဖန်တီးထားတဲ့ အဆိုတော်လင်းလင်းရဲ့ The Way ရုပ်ရှင်ဟာ Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical Film) ဆုအပါအဝင် အကောင်းဆုံး ပထမအကြိမ်ရုပ်ရှင်ဒါရိုက်တာဆု Best First Time Director (Feature)နဲ့ အကောင်းဆုံးသီချင်းဆု (Best Song) တွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013