ချီလီနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းချက်တွေကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
အန်နီညိုရာသီဥတုနဲ့ ရင်ဆိုင်ရမဲ့ ဒေသ ၁၀ ခုမှာ ကြိုတင်ကာကွယ်မှုအဖြစ် အရေးပေါ်အခြေအနေ ကြေညာထားတာပါ။
မိုးရွာသွန်းမှုဟာ တောင်ဘက် အေတာကာမာဒေသကနေ လော့လာဂိုအထိ ဇူလိုင် ၁၄ ရက်ကနေ စနေနေ့အထိ ရွာသွန်းနိုင်ခြေရှိတယ်လို့ ချီလီမိုးလေဝသက ခန့်မှန်းထားပါတယ်။
ဆန်တီယာဂို၊ ဗယ်ပါရိုက်ဆို၊ ကွန်ကွမ်ဘိုတို့မှာ သောကြာနဲ့ စနေနေ့တို့အတွက် မိုးရေချိန် ၁၈၀ မီလီမီတာအထိ ရှိမယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ အန်နီညိုရာသီဥတု ကြိုတင်ကာကွယ်မှုအဖြစ် ဆန်တီရာဂိုမှာ ရေကြီးမှုတားဆီးရေး လုပ်ငန်းတွေကို သမ္မတ အန်တိုနီယိုက အလည်အပတ် သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။
နိုင်ငံသားတွေကို မိုးလေဝသဆိုးဝါးလာချိန်မှာ အရေးပေါ်သုံးအိတ်တွေကို ဆောင်ထားကြဖို့ ချီလီအစိုးရက နှိုးဆော်ထားပါတယ်။
လက်ရှိအချိန်မှာ တခြားဒေသတွေမှာလည်း ကျောင်းတွေနဲ့ ရုံးတွေ ပိတ်ထားတယ်လို့ ဆိုပါတယ်။ အယ်နီညိုရာသီဥတု ကာကွယ်ရေးလုပ်ငန်းတွေကို ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။
Source: Reuters










