DVB Logo
Home
မြန်မာသတင်း
လူရည်ချွန်စခန်းချကာလ တောင်ကြီး ညဈေး ပိတ်ထားရန် စစ်ကောင်စီအမိန့်ပေး
DVB
·
April 30, 2023
လူရည်ချွန်စခန်းချကာလ  တောင်ကြီး ညဈေး ပိတ်ထားရန် စစ်ကောင်စီအမိန့်ပေး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အ.ထ.က (၁) စာသင်ကျောင်းမှာ လူရည်ချွန် ကျောင်းသားတွေ စခန်းချကာလ Night 38 ညဈေးတန်းကို ဧပြီ ၂၇ ရက်က စပြီး  ၆ ရက်ကြာ ပိတ်ထားဖို့ စစ်ကောင်စီက အမိန့်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Night 38 ညဈေးဟာ အစားအသောက်မျိုးစုံ အဓိက ရောင်းချနေတဲ့ ဆိုင်ပေါင်း ၅၀ ကျော်ရှိပြီး တောင်ကြီးမြိုရဲ့ လူအစည်ကားဆုံး နေရာဖြစ်သလို ပြည်တွင်း၊ပြည်ပခရီးသွားတွေ လာရောက်မှု များတဲ့နေရာတစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။

တောင်ကြီးမြို့ခံက "လူရည်ချွန်တွေကို  အရင်တုန်းကတော့ အင်းလေးကို လည်ပတ်ပြီး ညအိပ်ဖို့ အတွက် ခေါင်တိုင်‌ကျေးရွာက  အစိုးရဟိုတယ်ဆောက်ထားတဲ့ နေရာမှာထားတာ။  အခု အဲဒီဘက် က တိုက်ပွဲ‌တွေဖြစ်ထားဖူးတော့ လုံခြုံရေးစိတ်မချလို့ ထင်တယ်”လို့ ပြောပါတယ်။

တောင်ကြီးလူရည်ချွန်စခန်းကို ဒသမတန်းလူရည်ချွန် ကျောင်းသား  ကျောင်းသူ ၁၆၀ ဦးနီးပါး လာရောက်တည်းခိုနေပြီး အပြင်ထွက်ခွင့်မပေးထားသလို  ညဈေးကို ပိတ်ခိုင်းထားပြီး ညဈေး အနောက်ဘက်က အားကစားကွင်းတိုက်တန်းမှာ ဖွင့်လှစ်ထားတဲ့ဆိုင်ခန်းတွေကိုတော့ ပိတ်ခိုင်း ထားတာ မရှိဘူးလို့ ဈေးရောင်းချနေသူတွေဆီက သိရပါတယ်။

ဧပြီ ၂၇ ရက်က နေပြည်တော်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူရည်ချွန်‌ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် တောင်ကြီးမြို၊ ငွေဆောင်ကမ်း‌‌ခြေနဲ့ ပုဂံဘုရားတွေကို လေ့လာရေးခရီး စေလွှတ်ရမယ်လို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူရည်ချွန် ၄၇၈ ဦး ရွေးချယ်ထားတယ်လို့ ပညာရေးဌာနကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013